(၂၄)နာရီအတွင်း HIMARS ဒုံးကျည်ငါးစင်းနဲ့ ဒရုန်း ၃၇ စင်းတို့ကို ရုရှားစစ်တပ် ကြားဖြတ်ဟန့်တားခဲ့ရ

မော်စကို၊ အောက်တိုဘာ-၂-၂၀၂
မျိုးဆက်(VOM)
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းဘက်က ပစ်ခတ်လိုက်တဲ့ HIMARS ဒုံးကျည်ငါးစင်းနဲ့ ဒရုန်း ၃၇ စင်းတို့ကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီလိုကြားဖြတ်ဟန့်တား ဖျက်စီးမှုတွေဟာ ရုရှားပိုင်နက်ထဲမှာမဟုတ်ဘဲ ယူကရိန်းစစ်မြေပြင်မှာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သီးခြားအနေနဲ့ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ရုရှားပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ ယူကရိန်းဒရုန်းခြောက်စင်းနဲ့ ကရိုင်းမီးယားဒေသကို ပစ်ခတ်လိုက်တဲ့ ယူကရိန်းဒုံးကျည်နှစ်စင်းကိုလည်း ပစ်ချခဲ့နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒီအတောအတွင်း သဘောထားတင်းမာတဲ့ အမေရိကန် ရီပတ်ဘလီကန်အမတ်တွေဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ နောက်ထပ်စစ်ရေးအကူအညီတွေပေးနေတာကို ကန့်ကွက်မှုတွေရှိနေပေမယ့် ယူကရိန်းကို ဆက်လက်ထောက်ခံသွားမှာဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ကတိပြုပြောဆိုထားပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၄၆ ဘီလီယံထိ ထောက်ပံ့ပေးထားပြီး ဖြစ်ပါတယ်။
Ref:BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW