အဘူဒါဘီ၊ အောက်တိုဘာ-၃-၂၀၂၃
မျိုးဆက်(VOM)
ထိုင်း ရေနံနဲ့သဘောဝဓါတ်ငွေ့ကုမ္ပဏီဖြစ်တဲ့ PTTEP ဟာ ၂၀၂၈ ခုနှစ်နဲ့ နောက်နှစ် ၂၀ လောက်မှာ သက်တမ်းကုန်ဆုံးမယ့် မြန်မာနိုင်ငံရှိ သဘာဝဓါတ်ငွေ့စီမံကိန်းနှစ်ခုကို သက်တမ်းတိုးဖွယ်ရှိကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ်ဖြစ်သူ မွန်ထရီရာဝမ်ချာကူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကျွန်တော်တို့ တိုးချဲ့ဖို့မဟုတ်ပါဘူး။ ထိုင်းနဲ့မြန်မာအတွက် လိုအပ်နေတဲ့သဘာဝဓါတ်ငွေ့အတွက် စိတ်ချရဖို့ဖြစ်ကြောင်း မွန်ထရီရာဝမ်ချာကူက အဘူဒါဘီမှာလုပ်တဲ့ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ပြောပါတယ်။
PTTEP က မြန်မာနိုင်ငံလုပ်ကိုင်နေတဲ့ သဘာဝဓါတ်ငွေ့စီမံကိန်းတွေကနေ မြန်မာ့နိုင်ငံ လျှပ်စစ်ဓါတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံလျှပ်စစ်ဓါတ်အားလိုအပ်ချက် ၂၀ ရာခိုင်နှုန်းအတွက် လိုအပ်တဲ့ သဘာဝဓါတ်ငွေ့တွေ ထုတ်လုပ်ပေးနေပါတယ်။
ကုမ္ပဏီအနေနဲ့ ထိုင်းနိုင်ငံမှာ ကမ်းလှမ်းထားတဲ့ လုပ်ကွက်သုံးခုထဲက နှစ်ခုကို လေလံအောင်မြင်ခဲ့ပြီး အဲဒီလုပ်ကွက်တွေကနေ နှစ်နှစ်အတွင်း သဘာဝဓါတ်ငွေ့တွေ ထုတ်လုပ်နိုင်ဖို့ PTTEP က မျှော်လင့်ထားပါတယ်။
ထိုင်းနိုင်ငံဟာ လက်ရှိမှာတော့ သဘာဝဓါတ်ငွေ့ရည် (LPG) သုံးစွဲမှုရဲ့ ၄၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရပြီး PTTEP အနေနဲ့ လုပ်ကွက်သစ်တွေကိုလည်း ရှာဖွေနေကြောင်း စီအီးအိုဖြစ်သူ မွန်ထရီရာဝမ်ချာကူက ထုတ်ဖော်ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် အမေရိကန်၊ ပြင်သစ်နဲ့အခြားသော စွမ်းအင်ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ စီမံကိန်းတွေကနေ နှုတ်ထွက်ခဲ့ကြပါတယ်။
Ref:Reuters
Photo: PTTEP
Telegram Link: https://t.me/VOMNEWS2023/2732