နျူကလီးယားထိပ်ဖူးခြောက်ခု သယ်ဆောင်ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် ရုရှားစမ်းသပ်အောင်မြင်

 

မော်စကို၊ နိုဝင်ဘာ-၆-၂၀၂၃

မျိုးဆက်(VOM)

ရုရှားဟာ သူ့ရဲ့မဟာဗျူဟာမြောက် နျူကလီးယားရေငုပ်သင်္ဘောသစ် Imperator Alexander III ပေါ်ကနေ ဘူလာဗာအမျိုးအစား တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာ ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူး ခြောက်ခုထိ သယ်ဆောင်ပစ်ခတ်နိုင်တယ်လို့ အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ်က ဆိုပါတယ်။ တိုက်ချင်းပစ်ဒုံးကျည်ကို ရုရှားမြောက်ပိုင်း ကမ်းရိုးတန်းရှိ ရေငုပ်သင်္ဘောပေါ်ကနေ ပစ်လွတ်ခဲ့တာဖြစ်ပြီး ကီလိုမီတာထောင်နဲချီဝေးတဲ့ ကမ်းချက်ကာကျွန်းဆွယ်ရှိ ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါဟာ ဒုံးကျည်စမ်းသပ်မှုရဲ့ နောက်ဆုံးအဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။ Imperator Alexander III ရေငုပ်သင်္ဘောဟာ ရုရှားရဲ့ 955 Borei အတန်းအစားနျူကလီးယားရေငုပ်သင်္ဘောတွေထဲမှာ သတ္တမမြောက်ဖြစ်ပြီး ခေတ်မီ Borei A အတန်းအစားမှာတော့ လေးစင်းမြောက်ဖြစ်ပါတယ်။

ဒီခေတ်မီရေငုပ်သင်္ဘောတွေဟာ ပေ ၄၀ အရှည်ရှိပြီး အကွာအဝေးမိုင်း ၅၀၀၀ ထိ ပစ်ခတ်နိုင်တဲ့ ဘူလာဗာ အမျိုးအစားတိုက်ချင်းပစ်ဒုံးကျည် ၁၆ စင်းထိ တပ်ဆင်ဖြန့်ကြက်နိုင်ပါတယ်။

၁၉၉၉ ခုနှစ်မှာ အာဏာရရှိခဲ့တဲ့ သမ္မတဗလာဒီမာပူတင်ဟာ စစ်အသုံးစရိတ်ကို တိုးမြှင့်ပြီး ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံပြိုလဲမှုနဲ့အတူ မငြိမ်မသက်ဖြစ်ပြီးနောက် ရုရှားနဲ့ နျူကလီးယားတပ်ဖွဲ့နဲ့ ပုံမှန်စစ်တပ်ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။

Ref:Reuters

Photo:Reuters

 

Related posts

VOM News

FREE
VIEW