ဗိုလ်တထောင်မြို့နယ် လေးထပ်တိုက် မီးလောင်မှု လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

 

နိုဝင်ဘာ ၁၂ – ၂၀၂၃

SN (VOM)

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းမကြီး၊ (၆) ရပ်ကွက်၊ ဘိုကလေးစျေးအနောက်မှာ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်၊ မနက် ၆ နာရီခွဲ ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရုဏာကမ်းလက် လူမှုကူညီရေးအသင်းမှ သိရပါတယ်။

အဲ့ဒီ့ မီးလောင်မှုဖြစ်စဉ်အတွင်း အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး ငါးဦး၊ စုစုပေါင်း ၁၃ ဦး၊ ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

“ဒဏ်ရာရတဲ့သူ‌တွေက မီးခိုးလည်းမွှန်သလို ထိခိုက်မှုလေးတွေလည်း ရှိပါတယ်။ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတဦး သံချောင်းအနည်းငယ်ထိုးဝင်ဒဏ်ရာရလို့ မီးသတ်က ရှာဖွေကယ်ဆယ်ရေးနဲ့ ကယ်ထုတ်ခဲ့ရပါတယ်။ ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရပါဘူး” လို့ ကရုဏာကမ်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတ ယောက်က ပြောပါတယ်။

အဲ့ဒီ့ မီးလောင်မှုကို Level 1 အဆင့် သတ်မှတ် မီးငြှိမ်းသတ်ခဲ့ရခြင်းဖြစ်ပြီး မနက် ၆ နာရီ၊ ၅၉ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့ကာ မနက် ၇ နာရီ ၁၇ မိနစ်အချိန်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်စဉ် အကြောင်းရင်း အသေးစိတ်နဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW