ါဇာစစ်ပွဲအတွင်း သတင်းမီဒီယာသမား ၄၂ ယောက်သေဆုံး ၊ ၁၃ ယောက်အဖမ်းခံထားရ

 

နယူးယောက်၊ နိုဝင်ဘာ-၁၆-၂၀၂၃

မျိုးဆက်(VOM)

အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ ဂါဇာစစ်ပွဲအတွင်းသတင်းသမားနဲ့ မီဒီယာလုပ်သား ၄၂ ယောက်ထက်မနည်းသေဆုံးခဲ့ကြောင်းနယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

အစ္စရေး-ဟားမတ်စ်ပဋိပက္ခစတင်ခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်အတွင်းသေဆုံးသူတွေဖြစ်ကြကြောင်း သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်တီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူ ၄၂ ဦးမှာ ၃၇ ဦးက ပါလက်စတိုင်းတွေ ဖြစ်ကြပြီးအစ္စရေးလေးဦးနဲ့ လက်ဘနွန်နိုင်ငံသားတယောက်တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ပွဲအတွင်း သတင်းသမားကိုးယောက် ဒဏ်ရာရရှိခဲ့ပြီး သုံးယောက်ပျောက်ဆုံးနေကာ ၁၃ ယောက်ဖမ်းဆီးခံထားရကြောင်းသိရပါတယ်။ အခြားသတင်းထောက်တွေအသတ်ခံရခြင်းသို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခံရမှုတွေ ကိုလည်းကော်မတီအနေနဲ့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက်မှာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ ကျော်သေဆုံးပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမှာတာ့ လူတသောင်းကျော်ထိသေဆုံးခဲ့ပြီဖြစ်ပါတယ်။

Ref:BBC

Photo:Reuters/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW