မြန်မာ့အထည်ချုပ်လုပ်ငန်း အကျဘက်ကို ဦးတည်နေ၊ စက်ရုံပေါင်း ၂၉၈ ရုံထိ ပိတ်ထားရ

ရန်ကုန်၊ ဖေဖော်ဝါရီ-၅-၂၀၂၄
မျိုးဆက်(VOM)

မြန်မာနိုင်ငံအတွက် ပို့ကုန်အဓိကရင်းမြစ်ဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းဟာ စရိတ်စကကြီးမြင့်လာမှု၊ လုပ်သားရှားပါးမှုနဲ့အတူ လုပ်ငန်းကျဆင်းလာမှုကို ဦးတည်နေပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလထိ အထည်ချုပ်စက်ရုံပေါင်း ၂၉၈ ရုံပိတ်ထားရပြီး ဒါဟာပြီးခဲ့တဲ့နှစ်ကထက် ၅၂ ရုံတိုးလာတာဖြစ်ပြီး အထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် စက်ရုံတွေပိတ်သိမ်းမှု ၃၆ ရာခိုင်နှုန်းထိ ရှိနေပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာတော့ အထည်တင်ပို့မှု အမြင့်ဆုံးရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ လုပ်ခလစာနည်းပါးမှုနဲ့ မြန်မာ့ကျပ်ငွေ တန်ဖိုးကျဆင်းမှုတို့အကြောင့် အနိမ့်ဆုံးအခြေအနေကို ကြုံတွေ့နေရတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒီလိုအခြေအနေမှာ အထည်ချုပ်စက်ရုံအချို့ ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရပြီး အလုပ်သမားရှားပါးမှုပြသနာကိုလည်း ပြီးခဲ့တဲ့ တနှစ်ခွဲနီးပါကြာကတည်းက ကြုံတွေ့နေခဲ့ရပြီး ဒါဟာလည်း လစာကောင်းတဲ့ လုပ်ငန်းခွင်တွေကို ရွှေ့ပြောင်းကြတာနဲ့ နိုင်ငံရပ်ခြားကို သွားရောက်အလုပ်လုပ်ကိုင်မှုတို့ကြောင့် ဖြစ်ပါတယ်။

အလုပ်သမား ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက်က နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ အလုပ်ထွက်သွားကြတယ်လို့ ဂျပန်ပိုင် အထည်ချုပ်စက်ရုံမှ သတင်းရင်းမြစ်က ပြောပါတယ်။
စက်ရုံလည်ပတ်နိုင်ရေးမှာလည်း ကုန်ကြမ်းရရှိနိုင်မှု၊ လျှပ်စစ်မီးနှင့် လောင်စာဆီအခက်အခဲတို့အပြင် အခြားသော အခြေအနေများကြောင့် ခက်ခဲလာတယ်လို့ လုပ်ငန်းရှင်တွေက ပြောဆိုထားကြပါတယ်။

Ref:Nikkei Asia
Photo: Ken Kobayashi

Related posts

✕
VOM News

FREE
VIEW