ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၅ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၂၄၀၀၀ ကျပ် ဝယ်ဈေး ၃၇၈၄၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၂၄၀၀၀ ကျပ် ဝယ်ဈေး ၃၅၈၄၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တရုတ် အစိုးရကို လွှဲပြောင်းပေးလိုက်တဲ့ ငွေလိမ်ဂိုဏ်း ကိုးကန့်သူဌေးတွေကို အမိန့်မချရသေးဘဲ ဆက်လက်စစ်ဆေးနေ

  ဖေဖော်ဝါရီ ၅၊ ၂၀၂၄ Shy V (VOM) မြန်မာနိုင်ငံ ကနေ တရုတ် အစိုးရကို လွှဲပြောင်းပေးလိုက်တဲ့ ငွေလိမ် လုပ်ငန်းလုပ်ကိုင်တဲ့ ကိုးကန့် လုပ်ငန်းရှင် သူဌေးတွေကို လက်ရှိ တရုတ် တရားရုံးမှာ စစ်ဆေးနေဆဲ ဖြစ်ကြောင်း နယ်စပ်လုပ်ငန်းရှင်တွေနဲ့ ယူနန်ပြည်နယ်က တရုတ်နိုင်ငံသား တွေဆီက သိရပါတယ်။ ဦးပယ်ဆောက်ချိန်၊ ဦးပယ်ဆောက်ချိန်ရဲ့သား ပယ်ရင်ချန်၊ ဦးဝေစန်း၊ ဦးလျိုအားပေါက်၊ ရွှီလောက်ဖာ တို့ ၅ ယောက်ကို တရုတ်နိုင်ငံက သေမိန့်ချလိုက်ကြောင်းနဲ့ ကျန် တစ်ယောက်ကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်ကြောင်း သတင်းထွက်နေတာဟာ မမှန်ကန်ဘူးလို့ ဆိုပါတယ်။ “ဖမ်းသွားတာ ၆ ယောက်။ ဘာမှ အမှုတော့ မထွက်လာသေးပါဘူးနော်။ ဘာသံတွေ၊ ညာသံတွေ ဘာမှ မထွက်လာသေးဘူး။ အမှုမစစ်သေးဘူး။ မပြီးသေးဘူး။ ဟို…

Read More

မလှိုင်မြို့နယ်မှာ ဒီနေ့ တရက်တည်း ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပွား ၊ ဘုန်းကြီးတပါး အပါအဝင်ငါးယောက်သေဆုံး

ဖေဖော်ဝါရီ ၊ ၅ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျောင်းထိုင်ဘုန်းကြီး အပါအဝင် လူငါးယောက် ပစ်သတ်ခံရတယ်လို့ မလှိုင်ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” မလှိုင်မြို့နယ်နဲ့ နွားထိုးကြီးမြို့နယ် အစပ်မှာရှိတဲ့ သရက်ကန် (တောင်)ရွာမှာ ဒီကနေ့ မနက် ၅ နာရီဝန်းကျင်က သရက်ကန်ရွာ ဘုန်းကြီးကျောင်း ၊ ကျောင်းထိုင်ဆရာတော်နဲ့ ကပ္ပိယ အမျိုးသားတယောက် ပစ်သတ်ခံရတယ် ၊ ဘုန်းကြီးရဲ့ ရုပ်အလောင်းကို ရေချိုးခန်းထဲက တွေ့ရတယ် ၊ ကပ္ပိယကျောင်းစောင့် အမျိုးသားရဲ့ ရုပ်အလောင်းကို သိမ်ကျောင်း တံခါးကြားကတွေ့ရတယ် ၊ နောက်ပြီး သရက်ကန် (တောင်) ကျေးရွာမှာနေတဲ့ ရွာခွဲတာဝန်ခံ ဥက္ကဌ ဦးစိန်မြင့်အောင်ရဲ့…

Read More

မြန်မာ့အထည်ချုပ်လုပ်ငန်း အကျဘက်ကို ဦးတည်နေ၊ စက်ရုံပေါင်း ၂၉၈ ရုံထိ ပိတ်ထားရ

ရန်ကုန်၊ ဖေဖော်ဝါရီ-၅-၂၀၂၄ မျိုးဆက်(VOM) မြန်မာနိုင်ငံအတွက် ပို့ကုန်အဓိကရင်းမြစ်ဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းဟာ စရိတ်စကကြီးမြင့်လာမှု၊ လုပ်သားရှားပါးမှုနဲ့အတူ လုပ်ငန်းကျဆင်းလာမှုကို ဦးတည်နေပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထိ အထည်ချုပ်စက်ရုံပေါင်း ၂၉၈ ရုံပိတ်ထားရပြီး ဒါဟာပြီးခဲ့တဲ့နှစ်ကထက် ၅၂ ရုံတိုးလာတာဖြစ်ပြီး အထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် စက်ရုံတွေပိတ်သိမ်းမှု ၃၆ ရာခိုင်နှုန်းထိ ရှိနေပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာတော့ အထည်တင်ပို့မှု အမြင့်ဆုံးရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ လုပ်ခလစာနည်းပါးမှုနဲ့ မြန်မာ့ကျပ်ငွေ တန်ဖိုးကျဆင်းမှုတို့အကြောင့် အနိမ့်ဆုံးအခြေအနေကို ကြုံတွေ့နေရတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီလိုအခြေအနေမှာ အထည်ချုပ်စက်ရုံအချို့ ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရပြီး အလုပ်သမားရှားပါးမှုပြသနာကိုလည်း ပြီးခဲ့တဲ့ တနှစ်ခွဲနီးပါကြာကတည်းက ကြုံတွေ့နေခဲ့ရပြီး ဒါဟာလည်း လစာကောင်းတဲ့ လုပ်ငန်းခွင်တွေကို ရွှေ့ပြောင်းကြတာနဲ့ နိုင်ငံရပ်ခြားကို သွားရောက်အလုပ်လုပ်ကိုင်မှုတို့ကြောင့် ဖြစ်ပါတယ်။ အလုပ်သမား ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းလောက်က…

Read More

AA နဲ့တိုက်ပွဲတွေ ပြင်းထန်နေချိန် မြန်မာနယ်ခြားစောင့်တပ်မှ ၆၈ ယောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး

ဒါကာ၊ ဖေဖော်ဝါရီ-၅-၂၀၂၄ မျိုးဆက်(VOM) နစကစစ်တပ်နဲ့ AA တို့အကြား ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၈ ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနယ်ခြားစောင့်တပ်မှ ၁၅ ယောက်ကို ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကဆိုပါတယ်။ “သူတို့တွေက ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း ဘန်ဒါဘန်ခရိုင်မှာရှိတဲ့ တမ်ဘရူနယ်ခြားကို လက်နက်တွေနဲ့အတူ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေရှ်နယ်ခြားစောင့်တပ်က သူတို့ရဲ့ လက်နက်တွေကို ဖြုတ်သိမ်းပြီး နေထိုင်ဖို့နေရာကို ခေါ်သွားပါပြီး။ သူတို့တွေကို မြန်မာနိုင်ငံပြန်ပို့ရေးနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်နေတယ်လို့ ” ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ဖြတ်ကျော်ဝင်ရောက်လာသည့် နောက်ထပ်လူခြောက်ယောက်ကိုလည်း ကော့ဘဇားခရိုင် အရှေ့တောင်ပိုင်းရှိ ဆေးရုံတရုံမှာ ပို့ဆောင်ပေးထားပြီး သူတို့တွေဟာ ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့ကလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ…

Read More

ဒေါ်လာဈေးကြောင့် နိုင်ငံခြားဖြစ်ဆေးဝါးတွေ သုံးဆနီးပါး ဈေးမြင့်တက်လာ

ဖေဖော်ဝါရီ ၅ – ၂၀၂၄ SN (VOM) ပြည်ပကတင်သွင်းရတဲ့ နိုင်ငံခြားဖြစ် ဆေးဝါးတွေဟာ ဒေါ်လာငွေလဲနှုန်းကြောင့် သုံးဆနီးပါး ဈေးမြင့်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ မြန်မာ့ဆေးဝါးဈေးကွက်မှာ ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံတွေဆီက တင်သွင်းနေခြင်းဖြစ်ပြီး ကျန်ရှိတဲ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာ ထုတ်လုပ်နေတာဖြစ်ပါတယ်။ “ပြီးခဲ့တဲ့နှစ် မိုးတွင်းလောက်က စပြီး အိမ်သုံးဆေးဝါးတွေ တဖြည်းဖြည်း ပြတ်လာတယ်။ နာတာရှည်ရောဂါသမားတွေ စွဲသောက်နေရတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ ဆီးချိုဆေး တချို့တွေက ဈေးတွေ အရမ်းတက်သွားတယ်။ အဲဒီလိုဈေးတက်လို့ ပစ္စည်းစုံ ဝယ်လို့ရတယ်လို့မထင်နဲ့။ ဝယ်မရတဲ့ ဆေးပစ္စည်းတွေမှ အများကြီးပဲ။ ဝယ်မရတဲ့ဆေးတွေကို တခြား အာနိသင်တူတဲ့ ဆေးတွေ ပြောင်းပြီး ရောင်းနေရတယ်။ အရင်က ဆေးရောင်းစားတာ အရမ်းမြတ်တယ်၊ စီးပွားဖြစ်တယ်။ ဒါပေမယ့် အခုကာလမှာတော့ အရင်အချိန်နဲ့ပြောင်းပြန် ဖြစ်သွားပြီ” လို့ မြောက်ဒဂုံမြို့နယ်က ဆေးဆိုင်ပိုင်ရှင်တယောက်က…

Read More

သြစတြေးလျ စာရေးဆရာ ယောင်ဟန်ဂျွန်ရဲ့ သေဒဏ်အမိန့် တရုတ်တရားရုံး ဆိုင်းငံ့

ပေကျင်း၊ ဖေဖော်ဝါရီ-၅-၂၀၂၄ မျိုးဆက်(VOM) သြစတြေးလျစာရေးဆရာ ယောင်ဟန်ဂျွန်ကို တရုတ်အာဏာပိုင်တွေက သူလျှိုမှုနဲ့ ဖမ်းဆီးပြီးနောက် ငါးနှစ်အကြာမှာ သူ့အပေါ်ချမှတ်ထားတဲ့ သေဒဏ်ကို တရုတ်တရားရုံးက ဆိုင်းငံ့လိုက်ပါတယ်။ သူ့အနေနဲ့ ဒီပြစ်ဒဏ်ကို နှစ်နှစ်အကြာမှာ တသက်တကျွန်းပြစ်ဒဏ် ပြောင်းလဲသွားနိုင်ကြောင်း သြစတြေးလျ တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်ရေးရာ ဘလော့ဂ်ရေးသူ ပညာရှင်နဲ့ ဝတ္ထုရေးဆရာဖြစ်သူ ဒေါက်တာ ယောင်ဟန်ဂျွန်ကတော့ အာဏာပိုင်တွေက လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိတဲ့ စွဲချက်များကို ငြင်းဆိုထားပါတယ်။ တရုတ်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ ထိတ်လန့်စရာဖြစ်တယ်လို့ သြစတြေးလျအစိုးရက ဝေဖန်ပြောဆိုထားပြီး ဒီကိစ္စအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး လွတ်မြောက်ရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အသက် ၅၇ နှစ်အရွယ် ယောင်ဟန်ဂျွန်ဟာ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နို်င်ငံ လေဆိပ်မှာ ကြားဖြတ်ဖမ်းဆီးခံခဲ့ရပြီး သူလျှိုစွဲချက်တွေနဲ့ လျှို့ဝှက်ရုံးတင်စစ်ဆေးခြင်းအပါအဝင် စစ်ကြောရေး အကြိမ် ၃၀၀ ကျော်နဲ့ ခြောက်လကြာ ပြင်းထန်တဲ့…

Read More

ရှမ်းမြောက်မှာ တိုက်ပွဲငြိမ်ပြီမို့ စစ်ရှောင်တွေပြန်လာဖို့ ထိမ်းချုပ်ထားတဲ့ အဖွဲ့တွေက ဖိအားပေးခေါ်ယူ

  ဖေဖေါ်ဝါရီ ၅_၂၀၂၄ ShV(VOM) ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA ကိုးကန့်တပ်ဖွဲ့အနေနဲ့ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော် ၊လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်းမြို့တွေကို ထိမ်းချုပ်နိုင်ခဲ့ပါတယ်။ TNLA တအာန်းအမျိုးသားလွတ်မြောက်ရေး ကတော့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့တွေကို ထိမ်းချုပ်ထားပြီးဖြစ်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကူမင်းမှာ အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြပြီးနောက် ဟိုင်ဂင်သဘောတူညီချက်လို့ အမည်ရတဲ့ အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက်မှာ တိုက်ပွဲတွေလည်း အတော်ကျဲသွားခဲ့ပြီဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၂ ရက်နေ့ မှာတော့ ရှမ်းပြည်နယ် အထူးဒေသ(၁) စစ်ရေးအုပ်ချုပ်မှုကော်မတီဆိုပြီး MNDAA က သူတို့ထိမ်းချုပ်ဒေသက စတိုးဆိုင်၊ ကုမ္ပဏီနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေကို တောင်းဆိုချက် ၉ ချက်ပါတဲ့ ထုတ်ပြန်ချက်နဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၅ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၃၅ ကျပ် ဝယ်ဈေး – ၃၄၈၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၂၅ ကျပ် ဝယ်ဈေး – ၂၅၇၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၃ ကျပ် ဝယ်ဈေး – ၇၃၈ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၀ ကျပ် ဝယ်ဈေး – ၄၈၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ- ၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW