သြစတြေးလျ စာရေးဆရာ ယောင်ဟန်ဂျွန်ရဲ့ သေဒဏ်အမိန့် တရုတ်တရားရုံး ဆိုင်းငံ့

ပေကျင်း၊ ဖေဖော်ဝါရီ-၅-၂၀၂၄
မျိုးဆက်(VOM)

သြစတြေးလျစာရေးဆရာ ယောင်ဟန်ဂျွန်ကို တရုတ်အာဏာပိုင်တွေက သူလျှိုမှုနဲ့ ဖမ်းဆီးပြီးနောက် ငါးနှစ်အကြာမှာ သူ့အပေါ်ချမှတ်ထားတဲ့ သေဒဏ်ကို တရုတ်တရားရုံးက ဆိုင်းငံ့လိုက်ပါတယ်။

သူ့အနေနဲ့ ဒီပြစ်ဒဏ်ကို နှစ်နှစ်အကြာမှာ တသက်တကျွန်းပြစ်ဒဏ် ပြောင်းလဲသွားနိုင်ကြောင်း သြစတြေးလျ တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်ရေးရာ ဘလော့ဂ်ရေးသူ ပညာရှင်နဲ့ ဝတ္ထုရေးဆရာဖြစ်သူ ဒေါက်တာ ယောင်ဟန်ဂျွန်ကတော့ အာဏာပိုင်တွေက လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိတဲ့ စွဲချက်များကို ငြင်းဆိုထားပါတယ်။

တရုတ်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ ထိတ်လန့်စရာဖြစ်တယ်လို့ သြစတြေးလျအစိုးရက ဝေဖန်ပြောဆိုထားပြီး ဒီကိစ္စအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး လွတ်မြောက်ရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အသက် ၅၇ နှစ်အရွယ် ယောင်ဟန်ဂျွန်ဟာ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နို်င်ငံ လေဆိပ်မှာ ကြားဖြတ်ဖမ်းဆီးခံခဲ့ရပြီး သူလျှိုစွဲချက်တွေနဲ့ လျှို့ဝှက်ရုံးတင်စစ်ဆေးခြင်းအပါအဝင် စစ်ကြောရေး အကြိမ် ၃၀၀ ကျော်နဲ့ ခြောက်လကြာ ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရကြောင်း သူ့ရဲ့ မိသားစုက ပြောဆိုထားပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW