AA နဲ့တိုက်ပွဲတွေ ပြင်းထန်နေချိန် မြန်မာနယ်ခြားစောင့်တပ်မှ ၆၈ ယောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး

ဒါကာ၊ ဖေဖော်ဝါရီ-၅-၂၀၂၄
မျိုးဆက်(VOM)

နစကစစ်တပ်နဲ့ AA တို့အကြား ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၈ ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနယ်ခြားစောင့်တပ်မှ ၁၅ ယောက်ကို ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကဆိုပါတယ်။

“သူတို့တွေက ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း ဘန်ဒါဘန်ခရိုင်မှာရှိတဲ့ တမ်ဘရူနယ်ခြားကို လက်နက်တွေနဲ့အတူ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေရှ်နယ်ခြားစောင့်တပ်က သူတို့ရဲ့ လက်နက်တွေကို ဖြုတ်သိမ်းပြီး နေထိုင်ဖို့နေရာကို ခေါ်သွားပါပြီး။ သူတို့တွေကို မြန်မာနိုင်ငံပြန်ပို့ရေးနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်နေတယ်လို့ ” ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ဖြတ်ကျော်ဝင်ရောက်လာသည့် နောက်ထပ်လူခြောက်ယောက်ကိုလည်း ကော့ဘဇားခရိုင် အရှေ့တောင်ပိုင်းရှိ ဆေးရုံတရုံမှာ ပို့ဆောင်ပေးထားပြီး သူတို့တွေဟာ ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့ကလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနယ်စပ်နဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တရုတ်သံအမတ်ကို တွေ့ဆုံအကူအညီတောင်းခံထားပါတယ်။

“ တရုတ်အစိုးရက မြန်မာနဲ့ ဆက်ဆံရေးကောင်းတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထိခိုက်နေပြီဖြစ်တဲ့ မြန်မာ့ပဋိပက္ခလျော့ပါးသက်သာဖို့ တရုတ်အစိုးရကို အကူအညီတောင်းထားတယ်”လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

Ref: Anadolu
Photo:Tbs News

Related posts

Leave a Comment

VOM News

FREE
VIEW