ရန်ကုန် ၊ မတ် ၂ – ၂၀၂၄
GG (VOM)
ကိုရီးယားနိုင်ငံ သွားရောက်အလုပ်လုပ်ကြမယ့် E-9 မြန်မာနိုင်ငံသားတွေအနေနဲ့ ကွမ်းရွက် အပါအဝင် သယ်ယူခွင့် တားမြစ်ထားတဲ့ပစ္စည်းတွေကို သယ်ယူလာကြောင်း စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးငွေအဖြစ် ကိုရီးယားငွေကြေး ဝမ်သိန်း ၅၀ အထိ ပေးဆောင်ဖို့ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံကနေထွက်ရှိတဲ့ လယ်ယာထွက်ကုန်ပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်းတွေ ကိုရီးယားကို သယ်ဆောင်လာခြင်းကို ကိုရီးယားလေဆိပ်မှာ နိုင်ငံမှဝာားမြစ်ကန့်သတ်ထားကြောင့် အကြိမ်ကြိမ်သတိပေးခြင်း ဒဏ်ငွေရိုက်ခြင်းတွေ ပြုလုပ်ပေမယ့်လည်း အပတ်စဥ်သယ်ယူလာတာတွေကို စစ်ဆေးတွေရှိရတဲ့အတွက် ခုလိုဒဏ်ကြေးကို တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။
အရင်က တားမြစ်ပစ္စည်းသယ်ဆောင်လာတာကို ကိုရီးယား အင်ချောန်လေဆိပ်မှာစစ်ဆေးတွေ့ရှိရင် ပစ္စည်းကိုသိမ်းပြီး ဒဏ်ကြေးအဖြစ် ဝမ် ၁ သိန်းသာ သတ်မှတ်ကောက်ခံခဲ့ရာကနေ လက်ရှိမှာတော့ ဝမ် သိန်း ၅၀ အထိ တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ်။
” အရင်က သူတို့တားမြစ်ထားတဲ့ စားသောက်ကုန်ပါမယ်၊လယ်ယာထွက်ကုန်ပေါ့၊လယ်ယာထွက်ကုန်မှာအများဆုံး သယ်လို့စစ်ဆေးတွေ့တာက ကွမ်းရွက် ကွမ်းသီး ဆေးပေါ့လိပ်တွေများတယ်။သယ်လို့မရဘူးဆိုတာ အမြဲသတိပေးနေရက်နဲ့ ခုလိုတွေခဏခဏတွေ့နေရတာ၊ အခုကိုရီးယားဘက်ကဒဏ်ကြေးကိုတော်တော်လေးကိုမြှင့်ကောက်မယ့်သဘောပေါ့ ” လို့ ကိုရီးယားဘာသာစကားသင်တန်းကျောင်းမှ တာဝန်ရှိသူတယောက်ကပြောပါတယ်။
မြန်မာလုပ်သားတွေ ကိုရီးယား နိုင်ငံ အင်ချွန်းလေဆိပ်ကို ရောက်ရှိချိန် ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံးဝာာဝန်ခံတွေက ယူဆောင်လာတဲ့ ခရီးဆောင်အိတ်တွေထဲမှာ တားမြစ်ပစ္စည်းတွေ ယူဆောင်လာခြင်း ရှိ ၊မရှိကို ထပ်မံ စစ်ဆေးနေတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိကိုရီးယားနိုင်ငံမှာရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတယောက်ကတော့”သတိပေးလဲအပိုပါပဲနော်၊ လေဆိပ်ကဝန်ထမ်းတွေနဲ့ပေါင်းပီး မယူရင်လေယာဥ်လက်မှတ်မပေးဘူးပြောပီး ပစ္စည်းတွေကို အတင်းထည့်ပေးတာပါ၊ သိပ်မကြာခင်ကမှဖြစ်သွားတာပါ ၊ဒီဘက်ရောက်တော့အဖမ်းခံရတာပါပဲ ၊ အဲ့လိုလုပ်နေတာတွေကိုရော မြေပြင်ဆင်းပြီး ဖမ်းဆီးအရေးယူပေးဖို့လိုအပ်ပါတယ် ” လို့ ပြောပါတယ် ။
လက်ရှိမှာ HRDK(မြန်မာEPSစင်ဝာာ) နဲ့ POEA(အလုပ်သမားပို့ဆောင်ရေးဌာန) တွေကနတာ့ ကိုရီးယားနိုင်ငံကို အလုပ်သွားရောက် လုပ်ကိုင်ကြမယ့် E-9လုပ်သားတွေကို တားမြစ်ပစ္စည်းတွေ သယ်ယူခြင်းမပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
လက်ရှိ ကိုရီးယား ငွေကြေး ၁ ဝမ်ကို မြန်မာငွေ ၂.၈၆ ကျပ်စျေးပေါက်တာကြောင့် ဒဏ်ကြေးငွေကြေး ကိုရီးယား ဝမ် သိန်း ၅၀ ဆိုတဲ့ပမာဏဟာ မြန်မာငွေနဲ့တွက်ချက်ပါက သိန်း ၁၃၀ ကျော်ရှိတယ်လို့သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာလုပ်သား ၇၀၀၀၀ ကျော်ရှိနေပါတယ်။