မော်စကို၊ မတ်-၂-၂၀၂၄
မျိုးဆက်(VOM)
နျူကလီးယား သယ်ဆောင်ပစ်ခတ်နိုင်တဲ့ ယားစ် တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ် ခဲ့ကြောင်း ရုရှားစစ်တပ်က ထုတ်ပြန်ပါတယ်။
ဒီတိုက်ချင်းပစ်ဒုံးကျည်ကို နိုင်ငံမြောက်ပိုင်း ပစ်လွှတ်ရေးနေရာကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး နျူကလီးယား ထိပ်ဖူးများစွာကို သယ်ဆောင်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ဒုံးကျည်ဟာ ကမ်ချက်တာကျွန်းဆွယ်ရှိ သတ်မှတ်ပစ်မှတ်တွေကို အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရုရှားရဲ့ ယားစ်အမျိုးအစာ တိုက်ချင်းပစ်ဒုံးကျည်ဟာ ကီလိုမီတာ ၁၀၀၀ ထိ ခရီးရောက်နိုင်ပြီး ရုရှားနျူကလီးယား တပ်ဖွဲ့အတွက် အဓိက လက်နက်ဖြစ်ကာ လက်တွေ့အသုံးပြုရန် ဖြန့်ကြက်ထားပြီးဖြစ်ကြောင်း ရုရှားစစ်တပ်က ဆိုပါတယ်။
ရုရှားရဲ့ မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့ဟာ နိုးကြားတက်ကြွမှုနဲ့ ဒီလက်နက်တွေကို အသုံးပြုဖို့ အဆင်သင့်ရှိကြောင်း ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
ပူတင်နဲ့ ရုရှားစစ်တပ်ဟာ အနောက်နိုင်ငံတွေ ကြောက်ရွံ့ဖို့နဲ့ ယူကရိန်းအပေါ် ထောက်ခံမှု ကျဆင်းသွားစေဖို့ ရည်ရွယ်ချက်နဲ့ နျူကလီးခြိမ်းခြောက်မှုတွေကို မကြာခဏဆိုသလို ပြုလုပ်လေ့ရှိကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောဆိုထားပြီး ယူကရိန်းနဲ့ ယူကရိန်းပြင်ပမှာ ဒီလက်နက်တွေသုံးဖို့ ဖြစ်နိုင်ခြေအလွန်နည်းတယ်လို့ သုံးသပ်ထားကြပါတယ်။
Ref:NHK
Photo:AP