မတ် ၊ ၈ ၊ ၂၀၂၄
SP (VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာနားက မုံရွာ မန္တလေး ကားလမ်းမှာ နစက တပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား မနေ့ မတ် ၇ ရက် ၊ ညနေပိုင်း ၄ နာရီကျော်လောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ကားလမ်းကို မိုင်းလာေထာင်တဲ့အဖွဲ့နဲ့ ကင်းပုန်းအဖွဲ့ ပစ်ခတ်ကြတာ ၊ သေဆုံးတာတွေရှိတယ် ၊ ဒီမနက်အထိတော့ ဘယ်အဖွဲ့ကမှ ထုတ်ပြန်တာ မတွေ့ရသေးဘူး “လို့ ငါးယှန်ဒေသခံ တယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က
” မနေ့က ချောင်းဦး ၊ ကလေး နဲ့ ကနီနယ်တွေဘက်မှာ ထိတွေ့မှုတွေရှိတယ် ၊ ချောင်းဦး ၊ ငါးယှန်ဖြစ်စဥ်မှာ အမျိုးသား အလောင်း လေးလောင်း နဲ့ အမ်-၂၂ သေနတ် ၂ လက် ၊အမ်-၂၂ ကျည်အိမ် ၂ ခု ၊ အမ်-၂၂ ကျည် ၈ တောင့် သိမိးဆည်းရမိတယ် ၊ နောက်ပြီး ကနီမြို့မှာ အမျိုးသား အလောင်းတလောင်းနဲ့ M – 22 သေနတ် တလက် ၊ ကျည်အိမ် သုံးခု ၊ ကျည်ဆံ ရှစ်တောင့် သိမ်းဆည်းရမိတယ် ၊ အဲ့ဒီအပြင် ကလေးမြို့ နယ် ၊ ကန်သာယာရွာနားမှာ အမျိုးသား အလောင်း တလောင်းနဲ့ တိုက်ပွဲသုံး ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်း ကလေး ၊ ကလေးဝ ၊ မင်းကင်း ၊ တန့်ဆည် ၊ ကောလင်း ၊ ပင်လည်ဘူး ၊ကနီ စတဲ့မြို့နယ်တွေမှာ နစက တပ်ဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် KIA – PDF အဖွဲ့ကြား တိုက်ပွဲတွေဖြစ်လို့ နှစ်ဘက်ထိခိုက်သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်း မုံရွာ မန္တလေး ကားလမ်းမှာ မိုင်း အလုံး တရာကျော် ၊ မုံရွာ ရေစကြို ပခုက္ကူ ကားလမ်းမှာ မိုင်းအလုံး ၆၀ ကျော် ၊ မုံရွာ အရာတော် ရွှေဘို ကားလမ်းမှာ မိုင်းအလုံး ၅၀ ကျော် နစက လုံခြုံရေးအဖွဲ့တွေက ရှင်းလင်းဖယ်ရှားပေးရတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။