အဘူဂျာ ၊ မတ်-၈-၂၀၂၄
မျိုးဆက်(VOM)
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကူရီဂါမြို့မှာ ကျောင်းသားကျောင်းသူ ၃၀၀ နီးပါး ကို သေနတ်သမားတွေက ပြန်ပေးဆွဲသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ မတ် ၇ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်မှာ ကျောင်းသား ကျောင်းသူတွေ စာသင်ကျောင်းရှိ စုဝေးရာနေရာမှာရှိနေချိန် မော်တော်ဆိုင်ကယ်စီးနှင်းလာတဲ့ သေနတ်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြန်ပေးဆွဲခံရသူတွေဟာ အသက် ရှစ်နှစ်မှ ၁၅ နှစ်ကြားအရွယ် ကျောင်းသားကျောင်းသူတွေ ဖြစ်ပြီး ဆရာတယောက်ကိုလည်းဖမ်းဆီးသွားကြောင်း တာဝန်ရှိသူတွေကအတည်ပြုပြောဆိုပါတယ်။
နိုင်ဂျီးရီးယားမှာ ပြန်ပေးဆွဲဓါးပြဂိုဏ်းတွေဟာ အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်းမှာ မကြာသေးမီနှစ်တွေ အတွင်းလူရာနဲ့ချီပြီး ပြန်ပေးဆွဲဖမ်းဆီးမှုများပြုလုပ်ခဲ့ပါတယ်။
မကြာသေးမီရက်ပိုင်းအတွင်းကလည်း နိုင်ငံအရှေ့မြောက်ပိုင်းတွင် အမျိုးသမီးနဲ့ ကလေးငယ်ဒါဇင်များစွာကို ဘိုကိုဟာရမ် စစ်သွေးကြွတွေက ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွားခဲ့ပါတယ်။
Ref:BBC
Photo:AFP