ပြည်ပလုပ်သားခေါ်ယူမှု ခုလကုန်ကစပြီး မလေးရှားအစိုးရ ရပ်ဆိုင်းမှာဖြစ်လို့ Calling Visa အချိန်မီလျှောက်ဖို့ လို

ရန်ကုန် ၊မတ် ၈ -၂၀၂၄
GG (VOM)

မလေးရှားအစိုးရဟာ မြန်မာအပါအဝင ်ပြည်ပ အလုပ်သမားခေါ်ယူမှုကို ယခုမတ်လကုန်ကစပြီး ရပ်နားထားမှာဖြစ်တာကြောင့် အလုပ်သမား ခေါ်ယူခွင့် ခွင့်ပြုချက် (KSM Approval) ရရှိထားပြီး သက်တမ်းကျန်သေးတဲ့ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနတွေအနေနဲ့ Calling Visa လျှောက်ထားမှုကို မတ်လ ၃၁ ရက်နေ့ မတိုင်မီအပြီးသတ်လျှောက်ထားရမယ်လို့ မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ် ရေးဌာနက အသိပေးလိုက်တာဖြစ်တယျလို့သိရပါတယ်။

အလုပ်သမားခေါ်ယူခွင့် သက်တမ်းကျန်ရှိနေတဲ့ KSM Approval လက်ကျန်အနေနဲ့ Calling Visa လျှောက်ထားခြင်းမရှိပါက ၁-၄-၂၀၂၄ ရက်နေ့မှ စတင်ပြီး အဆိုပါ KSM Approval တွေကို ပယ်ဖျက်သွားမှာဖြစ်ပြီး မလေးရှား အလုပ်ရှင်အ နေနဲ့ အစိုးရထံ ပေးသွင်းထားတဲ့ Levy ကြေးကို သတ်မှတ်ချက်နှင့်အညီပြန်လ ည်ထုတ်ယူခွင့်ပြု မယ်လို့ဆိုထားပါတယ်။

ဒါအပြင် မလေးရှားနိုင်ငံအလုပ်ရှင်တွေ အနေနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနမှ Calling Visa ခွင့်ပြုချက် ရရှိပြီး နိုင်ငံခြားသား အလုပ်သမားတွေကို မလေးရှား နိုင်ငံအတွင်းခေါ်ယူရာမှာလည်း လာမယ့် မေလကုန် ၃၁ ရက်နေ့အထိသာ နောက်ဆုံးခေါ်ယူသွားခွင့်ပြုမယ်လို့သိရပါတယ်။

” ပြီးခဲ့တဲ့ရက် က တရားဝင်ပြောလာတာပါ။ အခုမလေးရှားကို ခေါ်နေတဲ့မြန် မာလုပ်သားတွေက လည်း calling ကြပြီးသားသူတွေ ပဲလက်ခံတာပေါ့။ အလုပ်သမားအသစ် calling အသစ်ထပ်ချပေးပြီးခေါ်တာမျိုးမဟုတ်ဘူး၊ အခုကတော့ အလုပ်သမားခေါ်ယူခွင့်ကြပြီးသားတွေ လည်း ခုလကုန်အထိပဲ ခွင့်ပြုတော့မယ်ဆိုတဲ့သဘောပေါ့၊ အလုပ်သမားခေါ်တာကိုလည်း အကြာကြီးခွင့်မပြု တာ့ဘူးပေါ့။တရားမဝင်လုပ်သားတွေကိုနေရပ်ပြန်ပို့ဖို့ ပို့ဖို့လုပ်နေတာကြောင့်လည်းပါနိုင်တယ် ” လို့ မလေးရှားရောက်မြန်မာလုပ်သားတယောက်ကပြောပါတယ်။

မလေးရှားနိုင်ငံ အစိုးရက သူတို့နိုင်ငံရဲ့ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနတွေမှာ နိုင်ငံခြား သား အလုပ်သမား ခေါ်ယူခြင်း ခွင့်ပြုချက် (KSM Approval)ချထား ပေးမှုကို ၂၀၂၃ ခုနှစ်၊ မတ်လ ကတည်း ရပ်ဆိုင်းထားခဲ့ပြီး ခွင့်ပြုချက်ကျပြီးသား KSM Approval တွေကိုသာ သက်တမ်းကာလ ၁၈ လအတွင်း နိုင်ငံခြားသားအလုပ်သမား ခေါ်ယူခွင့်ပြုနေတာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံကနေ မလေးရှားကို အလုပ်သွားရောက်လုပ်ကိုင်နေသူတွေရှိသလို calling visa ကျပြီး အလုပ်သွားလုပ်ရဖို့အတွက် စောင့်ဆိုင်းနေရသူတွေလည်းအများအပြားရှိနေတယ်လို့သိရပါတယ်။

” ဘယ်တော့သွားရမလဲမသိပါဘူး။ ကုမ္ပဏီ နဲ့တော့ ချိတ်လုပ်နေတာပါ။သူတို့ကတော့ calling ကျပြီသွားရဖို့ကိုစောင့်နေတာလို့ပြောပါတယ်။ အလုပ်ကတော့စက်ရုံပါပဲ၊ မလေးရှားသွားဖို့စောင့်နေတာကြာပြီဗျ၊ ခုထိမသွားရသေးဘူး။ အခုသတင်းတွေကလည်း ၅လပိုင်းကနောက်ဆုံးလို့ကြားနေရ တော့စိုးရိမ်မိတယ်၊အေးဂျင့်ကို ပိုက်ဆံက တဝက်ကျော်ပေးပြီးနေပြီ၊သွားရမယ်ဆိုတော့မှ အကျေချေရမှာပါ ” လို့ မလေးရှားကိုသွားဖို့စောင့်ဆိုင်းနေသူ အသက် ၂၇ နှစ်အရွယ်အမျိုးသား တယောက်ကပြောပါတယ်။

မလေးရှားနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် လူတစ်ယောက်ကို ငွေကျပ် သိန်း ၈၀ အထက်မှ သိန်း ၁၀၀ အထိ ကုန်ကျမှုရှိပြီး ၊ မလေးရှားနိုင်ငံဟာ ပြည်ပနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံပြီးရင် မြန်မာလုပ်သားအများဆုံး သွားရောက်လုပ်ကိုင်မှုအများဆုံးနိုင်ငံတခုဖြစ်ပါတယ်။

လက်ရှိမှာ မလေးရှားအစိုးရက မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေကြတဲ့ မြန်မာလုပ်သားတွေကို နေရပ်ပြန်ပို့ဖို့စီစဉ်နေပြီး မြန်မာနိုင်ငံကိုပြန်လိုပါက သတ်မှတ်ဒဏ်ကြေးနဲ့ နေရပ်ကို ပြန်ခွင့်ပြုပေးသွားမယ်ဆိုပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ မြန်မာသံရုံးက အသိပေးထားပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW