ရန်ကုန် ၊ မတ် ၈ – ၂၀၂၄
GG (VOM)
ရန်ကုန် ၊ လှိုင်သာယာမြို့နယ်စက်မှုဇုန်(၂)၊မက္ခရာမင်းသားကြီးမောင်ပျိုးလမ်းနဲ့ မြ ေတာင်ဝန်ကြီးဦးမှို လမ်းထောင့်မှာယာဉ်တိုက်မှုဖြစ်ပြီး သီလရှင်ဆရာလေးတပါး နဲ့ ကိုရင်လေးတပါးတို့ ပျံလွန်တော်မူခဲ့တဲ့အပြင် သီလရှင်ဆရာလေးတပါးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်မှာ ဒီနေ့မတ်လ ၈ ရက်နေ့ ၊ နေ့လယ် ၂ နာရီခွဲေ လာက်မှာ အလှူခံထွက်လာတဲ့ ဘုန်းကြီး အပါအဝင် သီလရှင်နဲ့ ကိုရင်လေး တွေ လိုက်ပါစီးနင်လာတဲ့ ဘေးတွဲ သုံးဘီးယာဉ်ကို ကုန်ကားတစီးက ဝင်တိုက်မိတာဖြစ်ပါတယ်။
” ကားပေါ်မှာ ဘုန်းကြီးတပါးပါတယ်၊ဆရာလေးနှစ်ပါးပါတယ်။ကိုရင်လေးတပါးပါတယ်။ ဘေးတွဲသုံးဘီးပါ။ သူတို့ကဆွမ်းဆန်စိမ်းအလှူခံရင်းထွက်တဲ့ပုံစံလို့သိရတယ်။ဘေးတွဲကလည်း လမ်းအဖြတ်၊ ကုန်ကားကလည်း လမ်းအဖြတ်မှာ ဘေးတွဲကမြင်ပြီး လမ်း ဘေးဆွဲချတော့ ကိုရင်လေးတေွ ပြုတ်ကျချိန်မှာ ကုန်ကားက တက်ကြိတ် သလိုဖြစ်သွားတာပေါ့ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မေတ္တာပါရမီ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူတယောက်ကပြောပါတယ်။
ကားကြိတ်ခံရပြီး ပျံ လွန်တော်မူခဲ့ရတဲ့ သီလရှင်ဆရာလေးနဲ့ကိုရင်လေး အပါအဝင် ဒဏ်ရာရရှိခဲ့တဲ့ သီလရှင်ဆရာလေးတေွက လိူင်သာယာမြိူ့နယ် ၊ ၅ သုံးလုံး သဲကွင်းထဲမှာရှိတဲ့ ဘုန်းကြီးေ ကျာင်းကဖြစ်ပြီး လက်ရှိမှာ ဒဏ်ရာရတဲ့သီလရှင်ကို ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။
ပျံလွန်တော်မူခဲ့တဲ့ သီလရှင်ဆရာလေးနဲ့ကိုရင်လေးကိုတော့ လိူင်သာယာ ဆေးရုံကိုပို့ဆောင်ထားကြောင်း ၊ သီလရှင်ဆရာလေးက အသက် ၁၄ နှစ်ရှိပြီး ကိုရင်လေးက အသက် ၇နှစ် အရွယ်သာရှိကြောင်း၊ ဒဏ်ရာရသီလရှင်ဆရာလေးကတော့ အသက် ၉ နှစ် ဝန်းကျင်သာရှိပြီး ပျံလွန်တော်မူတဲ့ကိုရင်လေးနဲ့ဆိုရင် မောင်နှမအရင်းတေွဖြစ် တယ်လို့သိရပါတယ်။
ဒဏ်ရာရရှိတဲ့ သီလရှင်ဆရာလေးက ယာဉ်တိုက်မှုကြောင့်ရရှိတဲ့ ဒဏ်ကြောင့် ခြေေ ထာက်တဖက် ြဖတ်ခံရနိုင်တယ်လို့သိရပါတယ်။
ယာဉ်တိုက်မှုကို ကျူးလွန်ခဲ့တဲ့ ကုန်ကားမောင်းသူကိုလည်း ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပါတယ်။
Photo Crd: Original Uploader