ဆာနား၊ မတ်-၁၂-၂၀၂၄
မျိုးဆက်(VOM)
အယ်လ်ကေးဒါးအဖွဲ့ရဲ့ ယီမင်ဌာနခွဲခေါင်းဆောင် သေဆုံးသွားကြောင်း အယ်လ်ကေးဒါးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါပေမယ့်လည်း သေဆုံးမှုနဲ့ပတ်သက်တဲ့ အခြေအနေတွေကို ရှင်းလင်းစွာမသိရသေးပါဘူး။ အာရေဗျကျွန်းဆွယ် အယ်လ်ကေးဒါးအဖွဲ့ (AQAP) က သူ့ရဲ့ ဈာပနနဲ့ အလောင်းပုံကို ရုပ်သံမှတ်တမ်း ထုတ်ပြန်ထားပါတယ်။
အဖွဲ့ရဲ့ ထိပ်တန်းပုဂ္ဂိုဟ်တယောက် ထုတ်ပြန်တဲ့ကြေညာချက်မှာလည်း ခါလစ်ဘာတာဖီ ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာကို ရှင်းလင်းစွာ ပြောဆိုထားခြင်းမရှိပါဘူး။ အသက် ၄၀ အရွယ် ဆော်ဒီနိုင်ငံသား ဘာတာဖီဟာ ၂၀၂၀ ခုနှစ်မှာ (AQAP) အဖွဲ့ခေါင်းဆောင် ဖြစ်လာသူပါ။
သူ့ကို အမေရိကန်က ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့လုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပြီး သူ့ကိုရမိခဲ့မယ်ဆိုရင် ဒေါ်လာငါးသန်းပေးမယ်လို့ ဆုကြေးထုတ်ခံရသူဖြစ်ပါတယ်။
ခါလစ်ဘာတာဖီ သေဆုံးပြီးနောက် သူ့နေရာမှာ ဆက်ဘင်အတက်ဖ်အယ်လ်အောလာကီက အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သည်။ အာရေဗျကျွန်းဆွယ် အယ်လ်ကေးဒါးအဖွဲ့ (AQAP)ဟာ တချိန်က အယ်လ်ကေးဒါးအဖွဲ့ရဲ့ အတက်ကြွဆုံးနဲ့ အန္တရာယ်အရှိဆုံး ဒေသတွင်းပူးပေါင်းအဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်ခဲ့ပါတယ်။
Ref:BBC
Photo: AQAP