ားကန့် မနမှော်မှာ လုပ်ကွက်ဟောင်း နွံကန်ပြိုလို့ အနည်းဆုံး လူ ၂၀ ကျော်ခန့်နဲ့ စက်ပစ္စည်းတွေပါသွား

 

မတ် ၁၂၊ ၂၀၂‌‌၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနီးက မနမှော်မှာ ဒီနေ့ မတ်လ ၁၂ ရက်နေ့ မနက် မနက် ၃ နာရီနဲ့ ၄ နာရီကျော် ခန့်က လုပ်ကွက်ဟောင်း နွံကန် ပြိုလာလို့ အနည်းဆုံး လူ ၂၀ ကျော်ခန့်နဲ့ စက်ပစ္စည်းတွေ နွံထဲ ပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

“ဖားကန့်မှာ ဒီနေ့ မတ်လ ၁၂ ရက်နေ့ မနက် စောစော ၃ နာရီ ကျော်ခန့်က ရှရော်ခ၊ မနရွာထိပ်က ဦးချို ကုမ္ပဏီဝင်းထဲ နွံကန်ပေါက်ထွက်ပြီး စီးဝင်လာလို့ လူ၊ ဘက်ဟိုး၊ ကား၊ စက်ပစ္စည်းတွေ ပါသွားတယ်။ လူဘယ်လောက် ‌ပါသွားတာ၊ သေဆုံးသွားတာ အတိအကျ မသိရသေးဘူး။” လို့ ဒေသခံ တဦးက ပြောပါတယ်။

နွံကန် ပေါက်ထွက် ပြိုဆင်းလာတာ‌ေကြာင့် ကုမ္မဏီဝန်ထမ်း ၂၃ ဦးထက်မနည်း သေဆုံးနိုင်ပြီး တူးဖော်ရေး လုပ်ငန်းသုံး မြေသယ်ယာဉ် ၉ စီး၊ ဘက်ဟိုး ၇ စီးခန့် နွံထဲနစ်မြုပ်သွားခဲ့တယ်လို့ နောက်ထပ် ဒေသခံ တဦးက ပြောပါတယ်။

“အဲဒီ ရှရော်ခကဟာ ဒီမနက်အစောပိုင်းဟုတ်တယ်။ အချိန် အတိအကျတော့ မသိဘူး။ ကုမ္ပဏီ ဝင်းထဲကဟုတ်တယ်။ ဘက်ဟိုးတွေပါသွားတယ်။ ကုမ္ပဏီမှာ ရေမဆေးရှာတဲ့ လူတွေ အကုန်လုံး ဆိုရင် အယောက် ၂၀ ကျော်လောက်ပါသွားတယ်။ အခုထိ မဆယ်နိုင်သေးဘူး။ စက်ပစ္စည်းတွေပါသွားတာ။ လူဦးရေ လည်း အတိအကျ မသိနိုင်သေးဘူး။ ဆယ်ထုတ်လို့ မရနိုင်သေးလို့လေ။ ပျောက်တဲ့ စာရင်းကတော့ ကုမ္ပဏီက သိမှာပဲ။ အထဲမှာ တခြား လူတွေ ဘယ်လောက် ထပ်ပါသွားတာလည်း မသိနိုင်ဘူး ဖြစ်မေတာ။ ကုမ္ပဏီထဲက လူတော့ အယောက် ၂၀ ကျော်ပဲ။ ဒါတောင် ကုမ္ပဏီမှာ လူဘယ်လောက်နေတယ် ဆိုတာ သိလို့ သိရတာ” လို့ ဒေသခံ အမျိုးသား တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ သြဂုတ် ၁၃ ရက်ကလည်း ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု မနမှောမှာ မြေပြိုကျမှုဖြစ်ပွားပြီး ရေမဆေး ကျောက်ရှာသူ ၃၇ ဦး နွံကန်အတွင်း နစ်မြုပ်သွားခဲ့ဖူးပါတယ်။ ၂၀၂၂ မတ်လတုန်းကလည်း လူရာချီသေဆုံးတဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါသေးတယ်။ ဖားကန့်မှာ ဒီလိုဖြစ်စဥ်မျိုး ခဏခဏဖြစ်ပေမယ့် ရေမဆေးကျောက်ရှာသူတွေကတော့ မကြောက်မရွံ့ ရှာဖွေနေကြရဆဲဖြစ်ပါတယ်။

ပုံစာ – ၂၀၂၂ က မှော်တခုမှာ ကယ်ဆယ်ရေးလုပ်နေပုံ ပုံဟောင်း ဓါတ်ပုံ ဇော်မိုးထက်

Related posts

Leave a Comment

VOM News

FREE
VIEW