ပို့အော့ပရင့်၊ မတ်-၁၂-၂၀၂၄
မျိုးဆက်(VOM)
ဟေတီနိုင်ငံမှာ သီတင်းပတ်အတန်ကြာ အကြမ်းဖက်မှုတွေ မြင့်တက်လာပြီးနောက် ဝန်ကြီးချုပ် အေရီရယ်ဟင်နရီဟာ ရာထူးကနေနှုတ်ထွက်ဖို့ သဘောတူခဲ့ကြောင်း ကာရေဘီယံနိုင်ငံများအဖွဲ့ ဥက္ကဌက ပြောပါတယ်။
ဟေတီမှာ နိုင်ငံရေးအသွင်းကူးပြောင်းရေး ဆွေးနွေးဖို့ ဒေသတွင်းခေါင်းဆောင်တွေဟာ ဂျမေကာမှာ မတ် ၁၁ ရက် တွေ့ဆုံပြီးနောက် ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ နှုတ်ထွက်မယ့် သဘောတူညီချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
မစ္စတာဟင်နရီဟာ လက်ရှိမှာ လက်နက်ကိုင်ဂိုဏ်းတွေရဲ့ တားဆီးမှုကြောင့် ဟေတီကို ပြန်နိုင်ခြင်းမရှိဘဲ ပွာတိုရီကိုမှာ သောင်တင်နေပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ သမ္မတဟောင်းလုပ်ကြံခံရပြီးနောက် နိုင်ငံကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
ဂျမေကာမှာ ဒေသတွင်းခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီးမျာ ဝန်ကြီးချုပ်အေရီရယ် နှုတ်ထွက်ရေး ၊ အသွင်းကူးပြောင်းရေးကောင်စီဖွ့ဲစည်းခြင်းနဲ့ ယာယီဝန်ကြီးချုပ်ခန့်အပ်ခြင်းတွေပြုလုပ်မယ့် အစီအစဉ်တွေကို သိရှိထားကြောင်း ကာရေဘီယံနိုင်ငံများအဖွဲ့ ဥက္ကဌက အတည်ပြုပြောဆိုပါတယ်။
မကြာသေးမီ သီတင်းပတ်များအတွင်း ဟေတီနိုင်ငံ မြို့တော်ပို့အော့ပရင့်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို လက်နက်ကိုင်ဂိုဏ်းတွေက ထိန်းချုပ်ထားပြီး ဝန်ကြီးချုပ်အေရီရယ်ဟင်နရီ နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
Ref:BBC
Photo:Getty Images