ဝါရှင်တန်၊ မတ်-၂၂-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်အခြေစိုက် Apple ကုမ္ပဏီဟာ စမတ်ဖုန်းဈေးကွက်ကို လက်ဝါးကြီးအုပ်ပြီး ပြိုင်ဘက်တွေကို အသာစီးရယူဖို့ ကြိုးပမ်းတယ်ဆိုကာ အမေရိကန် အစိုးရက Apple ကုမ္ပဏီကို တရားစွဲဆိုလိုက်ပါတယ်။
Apple ဟာ သုံးစွဲသူနဲ့ အက်ပလီကေးရှင်းဖန်တီးသူတွေကို ထိန်းချုပ်ဖို့ အတွက် အက်ပဲအက်ပလီကေးရှင်းစတိုးကို အလွဲသုံးစားပြုနေတယ်လို့ အမေရိကန် တရားရေးဌာနက စွပ်စွဲထားပါတယ်။
Apple ကုမ္ပဏီဟာ ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ရတဲ့ အက်ပလီကေးရှင်းတွေကို တားဆီးဖို့နဲ့ ပြိုင်ဘက်တွေရဲ့ ထုတ်ကုန်တွေကို ဆွဲဆောင်မှုနည်းပါးစေဖို့ တရားမဝင်လုပ်ဆောင်မှုများရှိနေတယ်လို့ စာမျက်နှာ ၈၀ ကျော်ပါဝင်တဲ့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။
Apple ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး တရားစွဲဆိုမှုကို အကောင်ဆုံးရင်ဆိုင်မယ်လို့ ပြောပါတယ်။ တရားစွဲမှုက အမှန်တရားနဲ့ ဥပဒေအရ မှားယွင်းနေတယ်လို့ ယုံကြည်တာကြောင့် ပြင်းပြင်းထန်ထန် ခုခံကာကွယ်သွားမယ်လို့ Apple က ထုတ်ပြန်ထားပါတယ်။
ဒါဟာ Apple ကုမ္ပဏီအပေါ် ၂၀၀၉ ခုနှစ်နောက်ပိုင်း အမေရိကန်အစိုးရရဲ့ တတိယမြောက် တရားရေးဆိုင်ရာ အရေးယူမှုဖြစ်ပြီး ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရလက်ထက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
Ref:BBC
Photo:Getty Images