မာပူတို၊ ဧပြီ-၈-၂၀၂၄
မျိုးဆက်(VOM)
မိုဇမ်ဘစ်နိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းမှာ ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၉၀ ကျော်သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အဆိုပါသင်္ဘောပေါ်မှာ ခရီးသည် ၁၃၀ ကျော်လိုက်ပါသွားတယ်လို့ ယူဆရပြီး လက်ရှိမှာတော့ လူငါးဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့တွေဟာ ကာလဝမ်းရောဂါဖြစ်ပွားမှုကနေ ရှောင်တိမ်းလာကြတဲ့ နမ်ပူလာပြည်နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။
ကူးတို့သင်္ဘောက သတ်မှတ်ထားတာထက် ခရီးသည်တွေ ပိုမိုတင်ဆောင်ခဲ့တာကြောင့် နစ်မြုပ်သွားပြီး တာဝန်ရှိသူတွေက အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။
နမ်ပူလာပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလကတည်းက ကာလဝမ်းရောဂါဖြစ်ပွားနေပြီး ကလေးငယ်တွေအပါဝင် လူများစွာ သေဆုံးခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။
ယူနီဆက်ဖ်ရဲ့အဆိုအရ လက်ရှိကာလဝမ်းရောဂါဖြစ်ပွားမှုဟာ ၂၅ နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေဖြစ်ပြီး၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ရောဂါဖြစ်ပွားသူ ၁၃၇၀၀ ရှိပြီး ၃၀ ကျော်သေဆုံးခဲ့ပါတယ်။
ဒါအပြင် နမ်ပူလာပြည်နယ်နဲ့ အိမ်နီးချင်း ကာဘိုဒယ်ဂါဒိုပြည်နယ်မှာလည်း ပြီးခဲ့တဲ့ခြောက်နှစ်ကစလို့ အစ္စလာမ္မစ် သောင်းကျန်းသူတွေရဲ့ ထကြွမှုကြောင့် လူလေးထောင်ကျော် သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:AFP