ဧပြီ ၊ ၂၀ ၊ ၂၀၂၄
SP (VOM)
မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ် ၊ငါ့သရောက်မြို့နယ်ခွဲ ၊ ငါ့သရောက်ကျေးရွာအုပ်စု ၊ တောပြားကျေးရွာမှာ မနေ့ ဧပြီ ၁၉ ရက်ည ၇ နာရီခွဲဝန်းကျင်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” အမည်မသိ ( စုံစမ်းဆဲ) လူငယ်နှစ်ယောက်က သေနတ်အရှည်တွေကိုင်လာပြီးတော့ ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် လူနှစ်ယောက်သေဆုံးပြီး ၊ နှစ်ယောက်ဒဏ်ရာရတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ညောင်ဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ညက တောပြားရွာ မြောက်ဘက်မှာရှိတဲ့ ကျေးရွာေရပေးဝေးရေး စက်ရေတွင်းနားမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတိုင်းကျော် ၅၆ နှစ် နဲ့ ဦးသိန်းနိုင် ၄၀ နှစ် ဆိုသူ နှစ်ယောက် ပစ်သတ်ခံရတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ ဦးညွှန့်လှ နဲ့ ဦးသန့်ဇင် ဆိုသူ နှစ်ယောက်လည်း ကျည်ဆံရှပ်မှန် ဒဏ်ရာတွေရထားတယ် ၊ ဒဏ်ရာရ နှစ်ယောက်လည်း ဆေးရုံပို့ထားတယ် ၊ အခြေအနေ စိုးရိမ်ရတယ် ” လို့ ပြောပါတယ်။
မနေ့ ဧပြီ ၁၉ ရက် ညနေပိုင်း ၅ နာရီခွဲဝန်းကျင်က မန္တလေးတိုင်း ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်မြို့မဘက်ကနေ ဒဟတ်ကုန်းကျောင်းရွာဘက်ကို ဆိုင်ကယ်စီးပြီး ပြန်လာတဲ့ ( ဒဟတ်ကုန်း လျှပ်စစ် ဓာတ်အားခွဲရုံ ဝန်ထမ်း ) ဦးသန်းထိုက် ၊ အသက် ၃၆ နှစ် နဲ့ သူ့မိန်းမ ၊ မစန်းစန်းဦးတို့ လင်မယား နှစ်ယောက် ပစ်ခတ်ခံရတာကြောင့် ဦးသန်းထိုက် သေဆုံးပြီး ၊ သူ့မိန်းမလည်း ဒဏ်ရာရခဲ့ပါသေးတယ်။
Related posts
-
မန္တလေးတိုင်း တောင်ပိုင်းဒေသတွေမှာ ဒီရက်ပိုင်းအတွင်း လူသတ်မှုတွေ အဖြစ်များ
မေ ၊ ၁၈ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း တောင်ပိုင်းမှာရှိတဲ့... -
မန္တလေး ကုန်စည်ဒိုင် ၁၇- ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ
မန္တလေး- ၁၇- ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 155000/... -
လာမယ့် ရက်သတ္တပတ်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်
မေ ၁၇ – ၂၀၂၄SN (VOM)လာမယ့် ရက်သတ္တပတ်အတွင်း လေဖိအားနည်းရပ်ဝန်းကနေ ဖြစ်ပေါ်လာနိုင်မယ့် မုန်တိုင်းရဲ့အရှိန်ကြောင့်...