ဒိုဒိုမာ၊ ဧပြီ-၂၆-၂၀၂၄
မျိုးဆက်(VOM)
တန်ဇန်းနီးယားနိုင်ငံမှာ အယ်လမို်နီညိုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားကာ လူ ၁၅၅ ယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မေလအတွင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်လာနိုင်ပြီး ရေကြီးလေ့ရှိတဲ့ ဒေသကလူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ တန်ဇန်နီးယားဝန်ကြီးချုပ် ကတ်ဆင်မာဂျာလီဝါက ပြောပါတယ်။
လူဦးရေ နှစ်သိန်းနဲ့ အိမ်ထောင်စု ငါးထောင်ကျော် ရေဘေးသင့်ခဲ့ရတယ်လို့ သူကဆိုပါတယ်။ အိမ်နီးချင်း ကင်ညာနဲ့ ဘူရွန်ဒီတို့မှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး ဒေသတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်ပေါ်နေပါတယ်။
ဇန်နဝါရီလကတည်းက ရေဘေးကြောင့် သေဆုံးသူ ၁၅၅ ယောက်နဲ့ ဒဏ်ရာရသူ ၂၃၆ ယောက်ရှိပြီး ပျက်စီးဆုံးရှုံးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လဲ့တယ်လို့ ဝန်ကြီးချုပ်က ပါလီမန်မှာ တင်ပြရာမှာပြောပါတယ်။
အိမ်နီးချင်း ကင်ညာနိုင်ငံ မြို့တောင်္နိုင်ရိုဘီမှာလည်း ရေဘေးကြောင့် ဆိုးရွားစွာ ထိခိုက်နေပြီး ယခုသီတင်းပတ်အတွင်း လူ ၁၀ ယောက်သေဆုံးခဲ့ကာ မတ်လမှစပြီး သေဆုံးသူ ၄၅ ယောက်ရှိတယ်လို့ သိရပါတယ်။
ဘူရွန်ဒီနိုင်ငံမှာလည်း ရေဘေးကြောင့် လူတသိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရပြီး အယ်လ်နီညိုကြောင့် အရှေ့အာဖရိကဒေသမှာ မိုးရွားသွန်းမှုလွန်ကဲလာနို်ငကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Ref:BBC
Photo: Eagan Salla
Related posts
-
ဘူးသီးတောင်မြို့က နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရ၊ မြို့ကို ထိန်းချုပ်လိုက်ကြောင်း AA အသိပေး
မေ-၁၈ – ၂၀၂၄GG (VOM)တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က စစ်တပ်စခန်းတွေကို AA က... -
ယနေ့ ရွှေဈေး (မေ – ၁၈ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၄၁၃ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၅၀၅၀၀၀၀ ကျပ်ဝယ်ဈေး... -
မြစ်ကြီးနား ပမ္မတီးရပ်ကွက်ထဲ လက်နက်ကြီးကျလို့ အရပ်သားနှစ်ယောက်သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရ
မေ ၁၈ – ၂၀၂၄GG(VOM)ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရပ်ကွက်နေထိုင်သူ နှစ်ယောက်ထက်မနည်း...