ပေကျင်း၊ ဧပြီ-၂၆၂-၂၄
မျိုးဆက်(VOM)
အမေရိကန်နဲ့အနေနဲ့ တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ အနီရောင်မျဉ်းတွေကို မကျော်မိစေဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နဲ့ ပေကျင်းမှာ တွေ့ဆုံစဉ် သတိပေးလိုက်ပါတယ်။
“ တရုတ်နဲ့ အမေရိကန်တို့အနေနဲ့ တည်ငြိမ်မှုတွေနဲ့အတူ အတူရှေ့ဆက်သွားသင့်သလား ဒါမှမဟုတ် အရင်လို တင်းမာမှုတွေဆီကို ပြန်သွားသင့်သလား” ဆိုတဲ့ မေးခွန်းနဲ့အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အစည်းအဝေးကို စတင်ခဲ့ပါတယ်။
တရုတ်-အမေရိကန်ဆက်ဆံရေးဟာ တည်ငြိမ်စပြုနေပြီဖြစ်ပေမယ့် အနှုတ်လက္ခဏာဆောင်တဲ့ အချက်တွေနဲ့ စမ်းသပ်ခံနေရဆဲဖြစ်တယ်လို့ ဝမ်ယီကပြောပါတယ်။ တရုတ်နိုင်ငံဟာ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အနီရောင်မျဉ်းချမှတ်ထားပြီး ဒါကိုကျော်မလာဖို့ အမေရိကန်ကို သတိပေးထားပါတယ်။
“ အမေရိကန်-တရုတ်ဆက်ဆံရေးဟာ အနှုတ်လက္ခဏာဆောင်တဲ့အချက်တွေ တိုးလာနေဆဲဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ အနှောက်အယှက်မျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်” လို့ ဝမ်ယီကပြောပါတယ်။
တရုတ်နဲ့ အမေရိကန်တို့အနေဖြင့် တက်ကြွသော သံခင်းတမန်ခင်းနဲ့အတူ နှစ်နိုင်ငံဆက်ဆံရေးကို ရှေ့ဆက်ရန် တူညီသော တာဝန်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ဆိုသည်။
ဘလင်ကင်ရဲ့ တနှစ်အတွင်း ဒုတိယမြောက် တရုတ်နိုင်ငံခရီးစဉ်ဟာ သံတမန်ရေးတိုးတက်မှုအတွက် သိသာထင်ရှားမှုဖြစ်သော်လည်း တောင်တရုတ်ပင်လယ်အရေးနဲ့ ထိုင်ဝမ်အရေးတို့အပါအဝင် အခြားကဏ္ဍတွေမှာ ဆက်ဆံရေး ယိုယွင်းနေဆဲဖြစ်ပါတယ်။
Ref:BBC
Photo: Reuters
Related posts
-
ဘူးသီးတောင်မြို့က နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရ၊ မြို့ကို ထိန်းချုပ်လိုက်ကြောင်း AA အသိပေး
မေ-၁၈ – ၂၀၂၄GG (VOM)တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က စစ်တပ်စခန်းတွေကို AA က... -
ယနေ့ ရွှေဈေး (မေ – ၁၈ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၄၁၃ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၅၀၅၀၀၀၀ ကျပ်ဝယ်ဈေး... -
မြစ်ကြီးနား ပမ္မတီးရပ်ကွက်ထဲ လက်နက်ကြီးကျလို့ အရပ်သားနှစ်ယောက်သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရ
မေ ၁၈ – ၂၀၂၄GG(VOM)ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရပ်ကွက်နေထိုင်သူ နှစ်ယောက်ထက်မနည်း...