ပူတင်ရဲ့ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲ အမေရိကန်နဲ့ ဥရောပနိုင်ငံအများစု မတက်ရောက်ဘဲ သပိတ်မှောက်မယ်



ဝါရှင်တန်၊ မေ-၇-၂၀၂၄
မျိုးဆက်(VOM)

ဒီနေ့မှာ ကျင်းပမယ့် ရုရှားသမ္မတပူတင်ရဲ့ သမ္မတသက်တမ်း ခြောက်ကြိမ်မြောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို အမေရိကန်နဲ့ ဥရောပနိုင်ငံအများစုက တက်ရောက်မှာမဟုတ်ဘဲ သပိတ်မှောက်ကြမှာဖြစ်ပါတယ်။

ပြင်သစ်နဲ့ ဥရောပနိုင်ငံအချို့ကတော့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်ရောက်ဖို့ ယူကရိန်းက ပန်ကြားထားပေမယ့်လည်း သံတမန်တွေ စေလွှတ်ဖွယ်ရှိနေပါတယ်။

ဒါဟာ ယူကရိန်းကို ရုှရှားက အပြည့်အဝကျူးကျော်တိုက်ခိုက်ြ့ပီးနောက် နှစ်နှစ်အကြာမှာ ရုရှားသမ္မတပူတင်အပေါ် အနောက်အုပ်စုနိုင်ငံတွေအကြား မတူကွဲပြားစွာ တုံ့ပြန်မှုတွေကို ဖော်ပြနေပါတယ်။

“ ဒီပွဲကို တက်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ် စေလွှတ်မှာမဟုတ်ဘူး။ ဒီရွေးကောက်ပွဲက လွတ်လပ်မျှတဲ့ ရွေးကောက်ပွဲလို့ ကျွန်တော်တို့မယူဆထားပေမယ့် သူကတော့သူမ္မတအဖြစ်နဲ့ ဆက်သွားနေတော့မှာ” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက ပြောပါတယ်။

ဗြိတိန်၊ ကနေဒါတို့ကလည်း ပူတင်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို သံတမန်မစေလွှတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ထင်ရှားတဲ့ ရုရှားအဓိကအတိုက်အခံခေါင်းဆောင် နာဗာနီဟာ အကျဉ်းထောင်ထဲမှာ သံသယဖြစ်ဖွယ်သေဆုံးပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာ မတ်လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပူတင်က အပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Ref:Reuters
Photo:Reuters

Related posts

✕
VOM News

FREE
VIEW