မဟာမိတ်တွေ သတိပေးပေမယ့် ဂါဇာတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးရဲ့မြေပြင်ထိုးစစ် အရှိန်မြှင့်တော့မယ်



တဲလ်အဗစ်၊ မေ-၁၂-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသ တောင်ပိုင်းမှာ စစ်ဆင်ရေးတွေအရှိန်မြှင့် တိုက်ခိုက်မှာကြောင့် ရာဖာမြို့ကနေ ဘေးလွတ်ရာထွကခွာဖို့ သောင်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေကို အစ္စရေးက ညွှန်ကြားလိုက်ပါတယ်။

ရာဖာက ပါလက်စတိုင်းတွေအနေနဲ့ မြို့ရဲ့ အရှေ့ဘက် ကျဉ်းမြောင်းတဲ့ ကမ်းရိုးတန်းဒေသဖြစ်တဲ့ အယ်မာဝါစီကို သွားရောက်ကြဖို့ ရာဖာအရှေ့ပိုင်းက ဒေသခံတွေဆီကို ဝေဟင်ကနေ သတိပေးစာရွက်တွေ ကြဲချခဲ့ပါတယ်။

မကြာသေးမီရက်ပိုင်းအတွင်းက ဒေသခံတွေနဲ့ စစ်ရှောင်တွေပြည့်နှက်နေတဲ့ ရာဖာမြို့ဟာ လက်ရှိမှာတော့ တစ္ဆေမြို့တစ်ခုလို ဖြစ်နေပါတယ်။ မြေပြင်ထိုးစစ်ကြောင့် အရပ်သားအများအပြား သေဆုံးမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဖြစ်စေနိုင်ကြောင်း အမေရိကန်နဲ့ မဟာမိတ်တွေက သတိပေးနေပေမယ့် စစ်ဆင်ရေးကို ဆက်လုပ်မယ်လို့ အစ္စရေးက အခိုင်အမာဆိုပါတယ်။

ဒါပေမယ့်လည်း ဟားမတ်စ်တို့က ဓါးစာခံတွေ ပြန်လွှတ်ပေးမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ချက်ချင်းဖြစ်နိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်တို့ရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုအတွင်း လူ ၁၂၈ ယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပြီး အချို့မှာပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် ၃၆ ယောက်ကတော့ သေဆုံးသွားဖွယ်ရှိနေပါတယ်။

လက်ရှိမှာ အစ္စရေးထိုးစစ်ဆင်နေတဲ့ ရာဖာမြို့ဟာ ဟားမတ်စ်တွေရဲ့နောက်ဆုံး အခြေစိုက်ရာနေရာတခုဖြစ်ပြီး ပြီးခဲ့တဲ့နေ့ကတော့ အစ္စရေးတပ်တွေဟာ ဟားမတ်စ်တို့နဲ့ မျက်နှာချင်းဆိုင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref:BBC
PhotoReuters

Related posts

Leave a Comment

VOM News

FREE
VIEW