မေ ၁၄၊ ၂၀၂၄
Shy V
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ နာမကျန်း ဖြစ်ပြီး ယမန်နေ့ မေလ ၁၃ ရက်နေ့ည ၆ နာရီကျော်ခန့်က ကွယ်လွန်သွားကြောင်း KIA နဲ့ နီးစပ် သူတွေဆီက သိရပါတယ်။
“ဟုတ်တယ်။ စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်သွားပြီ။ အသည်းရောဂါကြောင့်။ အားလုံးက စိတ်မကောင်း ဖြစ်ရပါတယ်။ ဝမ်းနည်း မဆုံး ပါပဲ” လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
လိုင်ဇာမြို့ရှိ သူရဲ့ နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ် ရှိပြီလို့ ဆိုပါတယ်။
ရန်ကုန်တက္ကသိုလ်က ဘွဲ့ရခဲ့သူဖြစ်ပြီး ၁၉၈၈
ခုနှစ်ကစ KIA ထဲ ဝင်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ဒုတိယ စစ်ဦးစီးချုပ် ရာထူးကနေ စစ်ဦးစီးချုပ် ရာထူးတိုးမြှင့်ခံထားရတာ ဖြစ်ပါတယ်။ သူကွယ်လွန်တဲ့အတွက် ဆုံးရှုံးမှု ကြီးမားကြောင်း အတိုက်အခံအင်အားစုတွေက လူမှုကွန်ယက်မှာ ရေးသားချက် အများအပြားတွေ့ရပါတယ်။
Photo Crd# NUGလူမှုကွန်ယက်
Related posts
-
ထိုင်းရှိ ဘုန်းကြီးကျောင်းမှာ လူသေအလောင်း ၄၀ ကျော်တွေ့ရှိမှု ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ
ဘန်ကောက်၊ နိုဝင်ဘာ-၂၅-၂၀၂၄ ရတီ(VOM) ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတခုမှ တရားအားထုတ်ရာမှာ အသုံးပြုတယ်လို့ယူဆရတဲ့ လူသေအလောင်း... -
လားရှိုးမြို့နယ် နမ့်ပေါင်ဘက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်
နိုဝင်ဘာ ၂၅၊ ၂၀၂၄Shy V VOMရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ်... -
အစ္စရေးကို ဟဇ်ဘိုလာအဖွဲ့က ဒုံးကျည် ၁၆၀ ကျော်နဲ့ လက်တုံ့ပြန် တိုက်ခိုက်
တဲလ်အဗစ်၊ နိုဝင်ဘာ-၂၅-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးဘက်ကို ဒုံးကျည်အစင်း ၁၆၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က...