မေ ၂၁ – ၂၀၂၄
GG (VOM)
ရန်ကုန် – မော်မြိုင်ကားလမ်းပေါ်က ယာယီမြေသားလမ်းဖောက်လုပ်ဖြတ်သန်းခွင့်ပြုနေတဲ့ ကျုံအိတ်တံတားကို ဖြတ်သန်းဖို့စောင့်နေတဲ့ ကုန်ကားပေါ်မှာ အမျိုးတယောက်အောက်ဆီဂျင်ပြတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
သေဆုံးသူအမျိုးသားဟာ ကားခေါင်းခန်းအတွင်းမှာ အကျီင်္ ဝ တ်ဆင်ထားခြင်းမရှိဘဲ ပက်လက်အနေအထားနဲ့သေဆုံးနေတာဖြစ်ကြောင်း ၊ ခန္ဓာကိုယ် ပြင်ပတစုံတရာဒဏ်ရာမရှိဘဲ သေဆုံးနေတာဖြစ်လို့ အောက်ဆီဂျင်ပြတ်ပြီးသေဆုံးတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
“ဘီးလင်းမြို့ဝင်ကြေးဂိတ်အကျော်လေးမှာပေါ့။ကျုံအိတ်တံတားကိုဖြတ်ဖို့စောင့်နေတဲ့ကုန်ကားပါ၊ ကျနော်တို့သတင်းရတာ ၇နာရီလောက်သိရတယ်၊သွားသယ်တယ်။ ဘီးလင်းဆေးရုံပို့လိုက်တယ်၊အိပ်ပျော်နေရင်းသေဆုံးတာပါ၊တခြားထူးခြားမှုမရှိဘူး။မိုးလင်းမှသေနေတာကိုသိရတာပေါ့ ” လို့ နာရေးလမ်းကြောင်းကူညီပေးခဲ့တဲ့ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း အဖွဲ့ဝင် တဦးကပြောပါတယ်။
အဆိုပါ အမျိုးသားဟာ မကွေးတိုင်း၊ပေါက်မြို့နယ်ဇာတိဖြစ်ပြီး အသက်က ၄၀ ေလာက်ရှိကြောင်း ၊ ကားက ရန်ကုန်ကနေ လာရောက်ပြီး မနေ့က မေ၁၉ ရက်နေ့ကတည်းက ကျုံအိတ်တံတားကို ဖြတ်ဖို့စောင့်ဆိုင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။
သေဆုံးအမျိုးသားကို ဘီးလင်းဆေးရုံကို ပို့ဆောင်ကာတာဝန်ရှိသူတွေကစစ်ဆေးပြီးနောက် ဒီနေ့မေ ၂၁ ရက်မနက်ပိုင်းမှာပဲ သဂြိုလ်လိုက်ပြီလို့ဆိုပါတယ်။
ကျုံအိတ်တံတားမှာ ယာယီမြေသားလမ်းဖောက်လုပ်ပြီး ကားတွေကိုဖြတ်သန်းခွင့်ပြုနေပေမယ့် တလမ်းမောင်းစနစ်နဲ့ ရန်ကုန် – မော်လမြိုင် တဘက်စီကိုအလှည့်ကျစီဖြတ်သန်းခွင့်ပေးနေတာဖြစ်လို့ တံတားရဲ့နှစ်ဖက်လုံးမှာကားတွေအများအပြားတန်းစီစောင့်ဆိုင်းနေရပါတယ်။
ကျုံအိတ်တံတားကတော့ မေလ၁၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး လက်ရှိအထိ ကျိုးကျခဲ့တဲ့တံတားနဲ့ဘေလီတံတားကိုပြမ်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးဘဲ ယာယီမြေသားလမ်းသာဖောက်လုပ်ပြီး ဖြတ်သန်းသွားလာနိုင်နေတာဖြစ်ပါတယ်။
Photo – ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း
Related posts
-
This Day in History
Voice of Myanmarအာကာသနည်းပညာ အားပြိုင်ပွဲတွင် ဆိုဗီယက်ယူနီယံ၏ တိုးတက်ဖြစ်ထွန်းမှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သည် ၁၉၇၀... -
ရန်ကုန် – မန္တလေး မီးရထားလမ်း တံတားတစင်း ရေတိုက်စားပျက်စီးမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နား
စက်တင်ဘာ ၁၂ – ၂၀၂၄ SN (VOM) ရန်ကုန် – မန္တလေး... -
စက်သုံးဆီ အခက်အခဲကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ ခရီးစဉ်ဖျက်သိမ်းခြင်းနဲ့ ရက်ရွှေ့ဆိုင်းခြင်းတွေ ရှိလာ
ဩဂုတ် ၁၇ – ၂၀၂၄ SN (VOM) လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီ...