အီရန်သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို ကိုယ်စားလှယ်လောင်း ၈၀ စာရင်းသွင်းထား

 

တီဟီရန်၊ ဇွန်-၄-၂၀၂၄
မျိုးဆက်(VOM)

အီရန်မှာ ယခုလအတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို ကိုယ်စားလှယ်လောင်း ၈၀ မှတ်ပုံတင်စာရင်းပေးသွားထားကြောင်း အီရန်ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

မေ ၁၉ ရက်က လေယာဉ်ပျက်ကျမှုကြောင့် သမ္မတရိုင်ဆီ သေဆုံးပြီးနောက်မှာ နောက်ထပ်သမ္မတသစ်ရွေးချယ်မယ့် ရွေးကောက်ပွဲကို ဇွန် ၂၈ ရက်မှာကျင်းပဖို စီစဉ်ထားကြပါတယ်။

သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေထဲမှာ အီရန်တော်လှန်ရေးအစောင့်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အီရန်ပါလီမန်ဥက္ကဌ မိုဟာမက် ဘာကာကာလီဘက်ဖ်လည်းပါဝင်ပြီး သူဟာ အနောက်အုပ်စုဆန့်ကျင်ရေး ရှေးရိုးစွဲဝါဒီလည်း ဖြစ်ပါတယ်။

အခြားသော ကိုယ်စားလှယ်လောင်းတွေထဲမှာတော့ အနောက်အုပ်စုနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို ပွင့်လင်းတဲ့ သဘောထားပျော့ပြောင်းသူတွေ၊ လွှတ်တော်ဥက္ကဌဟောင်း အလီလာဂျာနီ၊ ဒုတိယသမ္မတဟောင်း အီရှက်ဂျာဟန်ဂီရီတိုလည်း ပါဝင်နေပါတယ်။

အီရန် ဆင်းရဲနွမ်းပါး လူတန်းစားကြားမှာ ရေပန်းစားတဲ့ သမ္မတဟောင်း မိုဟာမက်အာမက်ဒီဂျက်ကလည်း သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူတွေကို အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီခန့်အပ်ထားတဲ့ နိုင်ငံတော်ကောင်စီက စိစစ်ပြီး အပြီးသတ် ရွေးချယ်စာရင်းထုတ်ပြန်သွားမှာဖြစ်ပါတယ်။

Ref: NHK
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW