ရုရှားသမ္မတပူတင် လာမယ့်သီတင်းပတ်မှာ မြောက်ကိုရီးယား သွားမယ်

 

မော်စကို၊ ဇွန်-၁၂-၂၀၂၄
မျိုးဆက်(VOM)

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မြောက်ကိုရီးယားကို သွားရောက်ဖို့ စီစဉ်နေကြောင်း ရုရှားအစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။

ရုရှားအရှေ့ဖျားပိုင်းကို ပြီးခဲ့တဲ့စက်တင်ဘာလက လာရောက်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး သွားရောက်ဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။

ခရီးစဉ်အသေးစိတ်ကို ရုရှားတာဝန်ရှိသူတွေက အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ပူတင်ဟာ လာမယ့်သီတင်းပတ်အစောပိုင်းမှာ ခရီးစဉ်စတင်မှာဖြစ်ပြီး ဗီယက်နမ်မှာလည်း ခရီးတထောက်နားမယ်လို့ ပြောပါတယ်။

ယူကရိန်းစစ်ပွဲ နှစ်နှစ်ကျော်ကာလအတွင်း ရုရှားဟာ လက်နက်ခဲယမ်းပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး မြောက်ကိုရီးယားဟာ ရုရှားကို ဒုံးကျည်တွေအပါအဝင် လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးနေတယ်လို့ အနောက်အုပ်စုနိုင်ငံတွေက စွပ်စွဲပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့လက စစ်ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ဖို့ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ပြီးနောက် ယခုနှစ်အတွင်းမှာ ဂြိုဟ်တုသုံးလုံးလွှတ်တင်မယ်လို့ ဆိုထားတဲ့ မြောက်ကိုရီးယားကို ရုရှားကလည်း ကူညီပေးနေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောပါတယ်။

ပူတင်ဟာ ၂၀၀၀ ပြည့်နှစ်က မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီးနောက် လက်ရှိသူ့ရဲ့ သမ္မတသက်တမ်းအတွင်း မြောက်ကိုရီးယားကို ဒုတိယအကြိမ် သွားရောက်မှာလည်း ဖြစ်ပါတယ်။

Ref:NHK
Photo:AFP

#Voiceofmyanmar #VOM #ရုရှား #ပူတင် #မြောက်ကိုရီးယား #ခရီးစဉ်

Related posts

Leave a Comment

VOM News

FREE
VIEW