ရုရှားတောင်ပိုင်း ဒါဂျက်စတန်ဒေသမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှု ရဲ ၁၅ ယောက်သေဆုံး

 

မော်စကို၊ ဇွန်-၂၄-၂၀၂၄
မျိုးဆက်(VOM)

ရုရှားနိုင်ငံတောင်ပိုင်း ဒါဂျက်စတန်ဒေသမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲ ၁၅ ယောက်သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

သေနတ်သမားတွေဟာ ဩသဒေါ့ဘုရားကျောင်းနှစ်ကျောင်း၊ တရားဇရပ်တခုနဲ့ ရဲစခန်းတခုတို့ကို တပြိုင်တည်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲ ၁၅ ယောက်အပြင် ဘုန်တော်ကြီးတပါးနဲ့ လုံခြုံရေးအစောင့်တယောက်လည်း သေဆုံးခဲ့ပါတယ်။

အပြန်အလှန်တိုက်ခိုက်မှုအတွင်း သေနတ်သမားခြောက်ယောက်လည်း သေဆုံးခဲ့ပြီး ကျန်လူများကို ဆက်လက်ရှာဖွေနေပြီး အရပ်သားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောပါတယ်။ သေနတ်သမားတွေဟာ တရားဇရပ်တခုနဲ့ ဘုရာကျောင်းတကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း မျက်မြင်သက်သေများကပြောသည်။

သေနတ်သမားတွေနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းကို တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် အခင်းဖြစ်ပွားခဲ့တဲ့ ဒါဂျက်စတန်ဒေသဟာ အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုပြုရာ ဒေသလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းကလည်း မော်စကိုမြို့အနီး ခရိုကပ်စ်ခန်းမကို တိုက်ခိုက်မှုအပြီးမှာ ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က အခိုင်အမာဆိုခဲ့ပေမယ့် ရှရှားအာဏာပိုင်တွေကတော့ ယူကရိန်းနဲ့ အနောကပ်အုပ်စုကို စွပ်စွဲခဲ့ပါတယ်။

Ref: BBC
Photo:AP/Getty Images

#Voiceofmyanmar #VOM #ရုရှား #ဒါဂျက်စတန် #သေနတ်သမားတိုက်ခိုက်မှု #ရဲ၁၅ယောက်သေ

Related posts

Leave a Comment

VOM News

FREE
VIEW