အစ္စရေးဘက်ကို ဒုံးကျည်၊ ဒရုန်း အစင်း ၂၀၀ ကျော်နဲ့ ဟဇ်ဘိုလာအဖွဲ့ တိုက်ခိုက်

တဲလ်အဗစ်၊ ဇူလိုင်-၅-၂၀၂၄
မျိုးဆက်(VOM)

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်၊ ဒရုန်း အစင်း ၂၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒါဟာ လက်ဘနွန်တောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း ဟဇ်ဘိုလာ ထိပ်တန်းတပ်မှူး မိုဟာမက်နီမာ့နက်ဆာ သေဆုံးမှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ ဟဇ်ဘိုလာအဖွဲ့က ပြောပါတယ်။

ဟဇ်ဘိုလာတို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်တပ်တာဝန်ရှိသူတယောက် သေဆုံးခဲ့ပြီး မီးလောင်မှုအများအပြားလည်း ဖြစ်ပွားခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုသည် နယ်စပ်ဖြတ်ကျော် အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ကိုးလအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုတခုလည်းဖြစ်ပြီး ဂါဇာရှိ ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတာလို့ ဟဇ်ဘိုလာအဖွဲ့က ဆိုပါတယ်။

အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းနှင့် အခြားနေရာများရှိ ဟဇ်ဘိုလာတို့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါတယ်။ ဟူလာမြို့တွင် အစ္စရေး၏ ဒရုန်းတိုက်ခိုက်မှုကြောင့် လူတယောက်သေဆုံးခဲ့ကြောင်း လက်ဘနွန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း လက်ဘနွန်မှာ လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ပြီး အစ္စရေးမှာတော့ ၂၅ ယောက် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ အစ္စရေးဟာ လက်ဘနွန်နဲ့ထိစပ်နေတဲ့ နိုင်ငံမြောက်ပိုင်းကို တပ်တွေ တိုးချဲ့ချထားနေပါတယ်။

Ref:BBC
Photo:AFP/Getty Images

#Voiceofmyanmar #VOM #အစ္စရေး #လက်ဘနွန် #ဟဇ်ဘိုဘာ #ဒုံးကျည် #တိုက်ခိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW