ရှားလိုလားတာတွေကို ယူကရိန်းသဘောတူမှ အပစ်အခတ်ရပ်ရေး ဆွေးနွေးမယ်လို့ ပူတင်ပြော

ရု

မော်စကို၊ ဇူလိုင်-၅-၂၀၂၄
မျိုးဆက်(VOM)

ရုရှားနိုင်ငံဘက်က လိုလားတဲ့အခြေအနေတွေကို ယူကရိန်းဘက်က သဘောတူမှသာ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးကို သဘောတူမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကာဇက်စတန်နိုင်ငံ အန်စ်တာနာမှာ ကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို သမ္မတပူတင်က အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို မထိခိုက်စေတဲ့ လက်ခံနိုင်လောက်တဲ့ အခြေအနေတွေကို ဆန့်ကျင်ဘက်နိုင်ငံက သဘောတူကြောင်း သေချာအောင်လုပ်ဖို့လိုတယ်” လို့ ရုရှားသမ္မတက ပြောပါတယ်။ ဒီသဘောတူညီချက်မရဘဲ အပစ်အခတ်ရပ်စဲရေး မဖြစ်နိုင်ဘူးလို့ သူကဆိုပါတယ်။

ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိ ရုရှားသိမ်းပိုက်ထားတဲ့ ဒေသလေးခုမှ ယူကရိန်းတပ်တွေ ဆုတ်ခွာဖို့ သဘောတူမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်နိုင်မယ်လို့ ပူတင်က ပြီးခဲ့တဲ့လမှာ ပြောဆိုထားပြီး ယူကရိန်းကတော့ ပြတ်ပြတ်သားသား ပယ်ချထားပါတယ်။

လက်ရှိမှာတော့ ရုရှားဟာ ယူကရိန်းရှေ့တန်းစစ်မျက်နှာတွေမှာ ထိုးစစ်အရှိန်မြှင့်တင်နေပြီး ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကိုလည်း မကြာခဏတိုက်ခိုက်နေပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးကတော့ ရုရှားရဲ့ တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့ ပိုမိုခေတ်မီတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေဆီကနေ တောင်းဆိုထားပါတယ်။

Ref:NHK
Photo:Kremlin

#Voiceofmyanmar #VOM #ရုရှား #ယူကရိန်းစစ်ပွဲ #အပစ်အခတ်ရပ်စဲရေး #သမ္မတပူတင်

Related posts

Leave a Comment

VOM News

FREE
VIEW