ဂါဇာစီးတီး တမြို့လုံး ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အစ္စရေးစစ်တပ် အမိန့်ထုတ်

 

ဂါဇာစီးတီး၊ ဇူလိုင်-၁၁-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာမြောက်ပိုင်းမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ပြင်းထန်နေချိန်မှာ ဂါဇာစီးတီးမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ ဂါဇာအလယ်ပိုင်းကို ရွှေ့ပြောင်းကြဖို့ အစ္စရေးစစ်တပ်က အမိန့်ထုတ်လိုက်ပါတယ်။

ဒေသခံတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဘေးကင်းရေးလမ်းကြောင်းတွေကနေ ဘေးလွတ်ရာသွားကြဖို့ အစ္စရေးစစ်တပ်က လေယာဉ်ပေါ်ကနေ ကြဲချတဲ့ အသိပေးလက်ကမ်းစာရွက်တွေမှာ တိုက်တွန်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂါဇာစီးတီးတမြို့လုံးကို ဘေးလွတ်ရာရွှေ့ပြောင်းခိုင်းတာဟာ ဂါဇာစစ်ပွဲစတင်ပြီးနောက် ဒုတိယအကြိမ်ဖြစ်ပြီး အခုလို ရွှေ့ပြောင်းခိုင်းတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသဂ္ဂက ထုတ်ပြန်ထားပါတယ်။

အစ္စရေးစစ်တပ်ဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကလည်းက ဟာမတ်စ်တို့ ပြန်လည်ဝင်ရောက်စုဖွဲ့နေတယ်လို့ ယုံကြည်ရတဲ့ ခရိုင်အများအပြားကို ပြန်လည်ဝင်ရောက်နေခဲ့တာဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံလွတ်မြောက်ရေးသဘောတူညီချက်အတွက် အစ္စရေးရဲ့ ခုလုပ်ရပ်ဟာ သဘောတူညီချက်ရရှိဖို့ ခြိမ်းခြောက်မှုတရပ်ဖြစ်တယ်လို့ ဟားမတ်စ်တို့က ပြောပါတယ်။ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှု ၊ နေရာရွှေ့ပြောင်းမှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို အရှိန်မြှင့်ပြီး စေ့စပ်ညှိနှိုင်းရေးအတွက် ဖိအားပေးဖို့ ကြိုးစားတာလို့ ဟားမတ်စ်ထိပ်တန်းတာဝန်ရှိသူတယောက် ဝေဖန်ပြောဆိုပါတယ်။
Ref:BBC
Photo:Anadolu

#Voiceofmyanmar #VOM #အစ္စရေး #ဂါဇာစီးတီး #ဘေးလွတ်ရာပြောင်းရွှေ့

Related posts

Leave a Comment

VOM News

FREE
VIEW