နိုင်ဂျာမှာ စစ်သွေးကြွတွေ ထောင်ဖောက်ပြေးလို့ ညမထွက်ရအမိန့် ကြေညာ

 

နီယာမေ၊ ဇူလိုင်-၁၂-၂၀၂၄
မျိုးဆက်(VOM)

နိုင်ဂျာနိုင်ငံမှာ စစ်သွေးကြွတွေအများအပြားကို ထိန်းသိမ်းထားတဲ့ လုံခြုံရေးထူထပ်တဲ့အကျဉ်းထောင်ကနေ အကျဉ်းသားအများအပြား ထွက်ပြေးလွတ်မြောက်သွားမှုကြောင့် တီလာဘာရီဒေသမှာ အာဏာပိုင်တွေက ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

အခုလို ထောင်ဖောက်မှုဟာ မြိုကတော်နီယာမေရဲ့မြောက်ဘက် မိုင် ၃၀ အကွာရှိ ကိုတိုကာလီအကျဉ်းထောင်မှာ မနေ့က ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေကဆိုပါတယ်။ ဒီထောင်မှာ ၂၀၁၆ နဲ့ ၂၀၁၉ ခုနှစ်တို့မှာလည်း ထောင်ဖောက်ဖို့ ကြိုးစားမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း အကျဉ်းသားဘယ်လောက် ထွက်ပြေးလွတ်မြောက်သွားလဲဆိုတာကိုတော့ နိုင်ဂျာပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း အယ်လ်ကေဒါနဲ့ အိုက်အက်စ်နဲ့ ဆက်နွယ်နေသူတွေ လွတ်မြောက်တဲ့အထဲမှာ ပါဝင်တယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း တီလာဘာရီဒေသမှာ အယ်လ်ကေဒါနဲ့ ဆက်နွယ်နေတဲ့စစ်သွေးကြွတွေရဲ့ တိုက်ခို်ကမှုကြောင့် စစ်သား ၁၄ ယောက်သေဆုံး၊ ၁၁ ယောက်ဒဏ်ရာရကာ ၂၄ ယောက်ပျောက်ဆုံးနေပါတယ်။

နိုင်ဂျာနဲ့ အိမ်နီချင်း စစ်အာဏာသိမ်းနိုင်ငံတွေဖြစ်တဲ့ မာလီနဲ့ ဘာကီနာဖာဆိုတို့မှာလည်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယခင်က စစ်သွေးကြွများကို တိုက်ထုတ်ရာမှာ ကူညီနေတဲ့ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ မကြာသေးမီလများအတွင်းက ရုပ်သိမ်းသွားခဲ့ပါတယ်။

Ref:BBC
Photo:AFP

#Voiceofmyanmar #VOM #နိုင်ဂျာ #စစ်သွေးကြွ #ထောင်ဖောက်မှု #အရေးပေါ်အခြေအနေ #ကြေညာ

Related posts

Leave a Comment

VOM News

FREE
VIEW