နျူကလီးယား ကာကွယ်ရေးနဲ့ စစ်ဆင်ရေး လမ်းညွှန်ချက်သစ် အမေရိကန်နဲ့ တောင်ကိုရီးယား ချမှတ်

 

ပြုံးယမ်း၊ ဇူလိုင်-၁၅
မျိုးဆက်(VOM)

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားတားဆီးကာကွယ်ရေးနဲ့ စစ်ဆင်ရေးတွေအတွက် လမ်းညွှန်ချက်သစ်ကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သဘောတူလိုက်တဲ့အပေါ် မြောက်ကိုရီးယားက ရှုတ်ချပြောဆိုလိုက်ပါတယ်။

နှစ်နိုင်ငံသဘောတူခဲ့တဲ့ အစီအမံတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကို တားဆီးမှု း အားကောင်းစေမယ့် အခြေခံအချက်တွေပါဝင်ကြောင်း တောင်ကိုရိးယား တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

သမ္မတဂျိုးဘိုင်ဒင်နဲ့ သမ္မတယွန်းဆွတ်ယိုးတို့ လက်မှတ်ထိုးခဲ့တဲ့ နှစ်နိုင်ကြားသဘောတူမှုဟာ မြောက်ကိုရီးယားနဲ့ နျူကလီးယားစစ်ပွဲအတွက် ပြင်ဆင်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတာဖြစ်တယ်လို့ မြောက်ကိုရီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲပြောဆိုပါတယ်။

ရန်သူတွေရဲ့ ခြိမ်းခြောက်မှုများကြောင့် မြောက်ကိုရီးယားဟာ နျူကလီးယား ကာကွယ်တားဆီးရေး အဟန့်အတားကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်ကြောင်းသူက ပြောပါတယ်။

အမေရိကန်နဲ့တောင်ကိုရီးယားတို့က ပိုမိုရန်စတဲ့လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်နေပါက ထင်ထားတဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးပါတယ်။ ဒါအပြင် ရုရှားကို မြောက်ကိုရီးယားက စစ်ရေးအရ ပံ့ပိုးနေကြောင်း နေတိုးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကိုလည်း မြောက်ကိုရီးယားက ရှုတ်ချထားပါတယ်။

Ref:NHK
Photo:Anadolu

#Voiceofmyanmar #VOM #အမေရိကန် #တောင်ကိုရီးယား #နျူကလီးယား #လမ်းညွှန်ချက်

Related posts

Leave a Comment

VOM News

FREE
VIEW