မုံရွာ – ရေဦးလမ်းမှာ ခရီးသည်တင်ကားနှစ်စီးတိုက်မိလို့ နှစ်ယောက်သေ၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာပြင်းထန်

 

ဇူလိုင် ၁၆ – ၂၀၂၄
GG (VOM)

စစ်ကိုင်းတိုင်း မုံရွာ – ရေဦးကားလမ်းမှာ ခရီးသည်တင် Express ကားနှစ်စီးတိုက်မိပြီး နှစ်ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့မှု မနေ့ကဇူလိုင်လ ၁၅ ရက်နေ့ ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

မွန်းလွဲပိုင်းလောက်မှာ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကားယာဥ်နောက်လိုက်အမျိုးသားကနေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့ကာ ခရီးသည်အမျိုးသားတယောက်လည်းသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” ကျွန်တော်တို့သွားတော့ လမ်းမှာပဲ လူနာတွေလွှဲယူလိုက်တာပါ။ ဆေးရုံပို့လိုက်တယ်။ အကုန်လုံးကအောက်ပိုင်းတွေထိခိုက်တာများတယ်။ခြေထောက်တွေကျိုးတာ ရှိတယ်။ခရီးသည်တွေချည်းပဲ။ဘုန်းကြီးတပါးပါတယ်။သေတဲ့သူထဲတော့တယောက်ကစပယ်ယာ၊နောက်တယောက်ကကိုရီးယားသွားဖို့လုပ်နေတဲ့အမျိုးသားလို့သိရတယ် ” လို့ လူနာလမ်းကြောင်း သွားခဲ့တဲ့မုံရွာလူမှုကူညီရေးအသင်းတာဝန်ရှိသူတယောက်ကပြောပါတယ်။

ယာဥ်တိုက်မှုဖြစ်ခဲ့တဲ့ ခရီးသည်တင်ကားတွေကတော့ နယူးစိန်ဌေးလှိုင် express နဲ့ နယူးစွမ်း express ခရီးသည်တင်ကားတို့ဖြစ်ပြီး အခုထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေဟာ နယူးစိန်ဌေးလှိုင်ကားကဖြစ်တယ်လို့ ဒေသခံပြောပြချက်အရသိရပါတယ်။

” လက်ပံမြောက်ရွာ အကွေ့ ဂုံးထိပ်အဆင်း
အကွေ့မှာ ကားနောက်ပိုင်းချင်း ညှိပြီး ကွေ့အဆင်းဖြစ်တဲ့ နယူးစိန်ဌေးလှိုင်က လဲရက်ကြီး တရွတ်ပြေးသွားတာ ၁၅ဦးလောက်ပါမယ်ထင်တယ်။ ၃ဦးပဲ မထိခိုက်တယ်။ စိန်ဌေးလှိုင်က ကားသမားက နေရာမှာတင်သေသွားတယ်။
၁၂ ထိခိုက်တယ်။ တချို့စိုးရိမ်ရတယ်ပေါင်ပြတ် လတ်ပြတ်ေတွရှိတယ် ။ ” လို့ မျက်မြင်တွေ့သူဒေသခံတယောက်ကဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲက ခုနှစ်ယောက်ကိုတော့ မုံရွာလူမှုကူညီရေးအသင်းက လူနာတင်ယာဥ်ကားသုံးစီး၊ ကယ်ဆယ်ရေးယာဥ်နဲ့ မုံရွာဆေးရုံကြီးကိုပို့ဆောင်ပေးထားကြောင်း ၊သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေထဲမှာရေဦးဒေသခံတွေပါသလို အခြားဒေသကနေထိုင်သူတွေလည်းပါဝင်တယ်လို်သိရပါတယ်။

#Voiceofmyanmar #vom #မုံရွာ #ရေဦး #expressကားတိုက် #သေဆုံး #ထိခိုက်ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW