ဖိလစ်ပိုင်သမိုင်းမှာ အကြီးမားဆုံး ရေနံယိုဖိတ်မှုကို ထိန်းချုပ်နိုင်ဖို့ အပူတပြင်း လုပ်ဆောင်နေ

 

မနီလာ ၊ ဇူလိုင်-၂၅-၂၀၂၄
မျိုးဆက် (VOM)

ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဂေမီတိုက်ခို်ကမှုကြောင့် မနီလာမြို့အနီးမှာ ဒီနေ့မနက်ပိုင်းက နစ်မြုပ်သွားတဲ့ ဖိလစ်ပိုင် ရေနံတင်သင်္ဘောတစင်းကနေ ရေနံယိုဖိတ်မှုတွေကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေက အပူတပြင်း လုပ်ဆောင်နေရပါတယ်။

နစ်မြုပ်သွားတဲ့ အမ်တီ တီရာနိုဗာ သင်္ဘောပေါ်မှာ လောင်စာဆီတန်ချိန် ၁၅၀၀ နီးပါးတင်ဆောင်ထားပြီး နစ်မြုပ်ပြီးနောက် အမှုထမ်း ၁၆ ဦးကို ကယ်တင်နိုင်ခဲ့ကာ တယောက် ပျောက်ဆုံး နေကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

ရေနံယိုဖိတ်မှုများကို အချိန်နှင့်တပြေးညီ ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေပြီး သင်္ဘောပေါ်မှရေနံအားလုံး ယိုဖိတ်မှုဖြစ်ခဲ့ပါက ဖိလစ်ပိုင်သမိုင်းမှာ အကြီးမားဆုံး ရေနံယိုဖိတ်မှု ဖြစ်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရေနံယိုဖိတ်မှုတွေကို တားဆီးထိန်းချုပ်ဖို့ရာမှာ လေပြင်းတိုက်ခိုက်မှုနဲ့ လှိုင်းကြီးမှုတို့ကြောင့် တုံ့ပြန်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်နေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ နိုင်ငံရဲ့ ဒေသအတော်များများကို တိုင်ဖွန်းမုန်တိုင်း ဂေမီတိုက်ခတ်ပြီးနောက် တရက်အကြာမှာ ရေနံတင်သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့တာပါ။

သင်္ဘောနစ်မြုပ်ချိန်မှာ ရေနံတင်သင်္ဘောသည် ဖိလစ်ပိုင်အလယ်ပိုင်း အီလီလိုမြို့ကို ဦးတည်ခုတ်မောင်းနေခြင်းဖြစ်ပြီး ကီလိုမီတာများစွာ ရေနံယိုဖိတ်မှုဖြစ်ပွားနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဂေမီတိုက်ခတ်မှုကြောင့် ထိုင်ဝမ်ကမ်းရိုးတန်းမှာလည်း ကုန်တင်သင်္ဘောတစင်းနစ်မြုပ်ခဲ့ပြီး သင်္ဘောပေါ်က မြန်မာသင်္ဘောသားကိုးယောက် ပျောက်ဆုံးနေပါတယ်။

Ref:BBC
Photo:Reuters/Getty Images

#Voiceofmyanmar #VOM #ဖိလစ်ပိုင် #နေရနံတင်သင်္ဘော #ရေနံယိုဖိတ်မှု #ထိန်းချုပ်နေရ

Related posts

Leave a Comment

VOM News

FREE
VIEW