ကားကို လုံခြုံရေးအရစစ်တဲ့အခါ စစ်ဆေးခံကြဖို့ သံဃာတွေကို မဟနအဖွဲ့အသိပေးလာ

 

ဇူလိုင် ၂၉ – ၂၀၂၄
GG( VOM)

လုံခြုံရေးအရ ဘုန်းကြီးကျောင်းကား နဲ့ အရပ်ဘက်ကားတွေကို လုံခြုံရေးအရတာဝန်ရှိသူတွေ စစ်ဆေးတဲ့အခါ စစ်ဆေးမှုခံယူကြဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က အသိပေးထားတယ်လို့သိရပါတယ်။

ကျောင်းတိုက်အမည်ပါ မော်တော်ယာဉ်၊ သာ- နံပါတ်ပါ မော်တော်ယာဉ် အပြင် အရပ်ဘက်ကားဖြစ်စေ စစ်ဆေးမှုခံယူကြဖို့ကို မဟနအဖွဲ့က အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါး စုံညီ သတ္တရသမအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချပြီး တရားဝင်အသိပေးလာတာဖြစ်တယ်လို့သိရပါတယ်။

” ဘုန်းကြီးကားပဲဖြစ်ဖြစ် အရပ်ဘက်ကားပဲဖြစ်ဖြစ် စစ်ဆေးရင် စစ်ဆေးခံဖို့ပေါ့။ဘုန်းကြီးပါတယ်ဆိုပြီးအစစ်ဆေးမခံဘဲ မောင်းတာမျိုးမလုပ်ဖို့ပါ။ဘုန်းကြီးတို့တော့ခုရက်ပိုင်းသိရတာပါ။အခုဘုန်းကြီးတို့အပြင်သွားရင်လည်း သူတို့စစ်ဆေးရေးဂိတ်မရောက်ခင်ထဲကအရှိန်လျှော့ပြီး အကျိူးကြောင်းပြောပါတယ်။စစ်ချင်တယ်ဆိုလည်းစစ်လို့ရတယ်။ဒါပေမယ့်ခုထိတော့ကားပေါ်အစစ်ခံရတာမရှိသေးဘူး။တခါတ​ေလဘုန်းဘုန်းဘယ်ကြွမှာလဲလောက်တော့ မေးတယ်။ ” လို့ မြို့နယ်အဆင့်သံဃနာယကအဖွဲ့ဝင်ဆရာတော်တပါးကမိန့်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လထဲမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးစီးနင်းလိုက်ပါတဲ့ အရပ်ဘက်ကားပစ်ခတ်ခံရပြီး မဟနဆရာတော်ကြီး ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်ခဲ့ရတဲ့ဖြစ်စဥ် ဖြစ်ပွားပြီးနောက်မှာ မဟနအဖွဲ့အနေနဲ့အခုလို သတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။

ဆရာတော်ကြီးဟာ ဇွန်လ ၂၀ ရက်နေ့၊ မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) ကျင်းပပြုလုပ်မယ့် ရွှေကျင်နိကာယဗဟိုဌာနရဲ့ အစည်းအဝေးမှာ အကြိုညှိနှိုင်းဆောင်ရွက်ဖို့အတွက် ရန်ကုန်ကနေ လေယာဉ်နဲ့ တံတားဦး လေဆိပ်ကို ဇွန်လ ၁၉ ရက်မှာ သွားရောက်ခဲ့ပြီးနောက် ကမ္မကို ကားနဲ့သွားစဥ် လမ်းမှာ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ခြင်းခံရပြီး နေရာမှာပဲပျံလွန်​တော်မူခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ဇွန်လ ၂၂ ရက်နေ့၊ မြင်းခြံမြို့နယ်ထဲမှာလည်း ဘုန်းကြီးလိုက်ပါလာတဲ့ လူနာတင်ကားပစ်ခတ်ခံရပြီး ပျံလွန်တော်မူတဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။

#Voiceofmyanmar #vom #ဘုန်းကြီးကား #စစ်ဆေးခံရမယ် #မဟန

Related posts

Leave a Comment

VOM News

FREE
VIEW