ရုရှားကို ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု ကွတ်ခ်ဒေသ ၁၀ ကီလိုမီတာထိ ဝင်ရောက်လာ

 

ဝါရှင်တန်၊ ဩဂုတ်-၉-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်တိုက်ခို်ကမှုအဖြစ် ရုရှားရဲ့ကွတ်ခ်ဒေသ ၁၀ ကီလိုမီတာထိ ဝင်ရောက်နေပြီဖြစ်တယ်လို့ အမေရိကန် သုတေသနအဖွဲ့တဖွဲ့က ထုတ်ပြန်ပါတယ်။

ယူကရိန်းတပ်တွေ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး အဲဒီဒေသမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေကို အကဲဖြတ်ပြီး စစ်ပွဲလေ့လာရေး အင်စတီကျုက အစီရင်ခံစာတစောင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းတပ်တွေဟာ လက်ရှိချိန်ထိ နယ်မြေ ၁၁ ခုကို သိမ်းပိုက်ထားတယ်နိုင်တယ်လို့ ရုရှားသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဆိုထားပါတယ်။

ယူကရိန်းစစ်တပ်ဟာ နယ်စပ်ဖြတ်ကျော်တို်ကခို်ကမှု စတင်နေပြီလို့ ရုရှားစစ်တပ်ကလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက အတည်ပြုပြောဆိုထားပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ဟာ ကွတ်ခ်ဒေသရဲ့ အစိတ်အပိုင်းတွေကို သိမ်းပိုက်ဖို့ရည်ရွယ်ပြီး တိုက်ခိုက်မှုစတင်ခဲ့တယ်လို့ ရုရှားစစ်တပ် အကြီးအကဲက ပြောပါတယ်။

အရေးပေါ်အခြေအနေကြေညာထားတဲ့ အဲဒီမြို့မှာ တိုက်ပွဲတွေလည်း ပြင်းထန်စွာ ဖြစ်ပွားနေပြီး အရပ်သားငါးယောက် သေဆုံးခဲ့ကာ ယူကရိန်းသံချပ်ကာယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ယူကရိန်းကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်မပြုသေးပါဘူး ။ ရုရှားပိုက်နက်ထဲကို ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေက ရှားရှားပါးပါး ဖြစ်ပါတယ်။ သမ္မတဇီလန်စကီးကတော့ ရုရှားဟာ ယူကရိန်းကိုကျူးကျော်တိုက်ခို်ကမှု နောက်ဆက်တွဲတွေကို ခံစားရမယ်လို့ သတိပေးထားပါတယ်။

Ref:NHK
Photo:AP/Getty Images

#Voiceofmyanmar #VOM #ယူကရိန်း #ရုရှား #နယ်စပ်ဖြတ်ကျော်တိုက်ခို်ကမှု

Related posts

Leave a Comment

VOM News

FREE
VIEW