ထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ နိုင်ငံကိုပြန်လာမယ်

 

ဒါကာ၊ ဩဂုတ်-၁၀-၂၀၂၄
မျိုးဆက်(VOM)

ရာထူးကနေ နုတ်ထွက်သွားပြီး နိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဟာ နိုင်ငံကို ပြန်လာမှာဖြစ်ကြောင်း သားဖြစ်သူက အတည်ပြုပြောဆိုပါယ်။

နိုင်ငံတွင်းမှာ ဆူပူမငြိမ်သက်မှုတွေ မြင့်တက်ပြီးနောက် သူမဟာ ရာထူးကနေနုတ်ထွက်ကာ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေပါတယ်။ ဒါဟာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးရပြီးနောက် အဆိုးရွားဆုံး နိုင်ငံရေး အကျပ်အတည်းလည်း ဖြစ်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်ကို လုံး၀ပြန်လာမှာပါ။ ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့ ကြေညာတဲ့အချိန် ဖြစ်လိမ့်မယ်” လို့ သားဖြစ်သူ Wazed ကပြောပါတယ်။ ဒါပမေယ့် နိုင်ငံရေးလောကထဲ ပြန်ဝင်မလားဆိုတာတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။

သားဖြစ်သူဟာ အမေရိကန်မှာ နည်းပညာကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နေထိုင်သူဖြစ်ပြီး ၂၀၀၉ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်ထိ မိခင်ဖြစ်သူ ဝန်ကြီးချုပ်သက်တမ်းအတွင်းကလည်း နည်းပညာအကြံပေးအဖြစ် အချိန်အတန်ကြာ လုပ်ဆောင်ပေးခဲ့ပါတယ်။

လက်ရှိမှာတော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်စ်ဦးဆောင်ကာ ကြားဖြတ်အစိုးရ ဖွဲ့စည်းထားပြီး ဒီထဲမှာ ကျောင်းသားခေါင်းဆောင်နှစ်ယောက်လည်းပါဝင်ပါတယ်။ ကြားဖြတ်အစိုးရ အဖွဲ့ဝင် ၁၆ ယောက်ဟာ ပြီးခဲ့တဲ့ ကြသပတေးနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
Ref:BBC
Photo: Getty Images

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #ဝန်ကြီးချုပ်ဟောင်း #ရှိတ်ဟာစီနာ #နို်ငငံပြန်လာမယ်

Related posts

Leave a Comment

VOM News

FREE
VIEW