တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင် တိုက်လေယာဉ်တွေ အန္တရယ်မကင်းတဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွား

 

မနီလာ၊ ဩဂုတ်-၁၁-၂၀၂၄
မျိုးဆက်(VOM)

ဖိလစ်ပို်ငနဲ့ တရုတ်တိုက်လေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားဖွယ် ဒေသတခုမှာ အန္တရာယ်မကင်းတဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံကြား အပြန်အလှန် ပြစ်တင်စွပ်စွဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တရုတ်လေတပ်က လေယာဉ်နှစ်စင်းဟာ အန္တရာယ်များပြီး ရန်စတဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းပြောဆိုထားပြီး တရုတ်စစ်တပ်ကတော့ ပရော်ဖက်ရှင်ဆန်ဆန်နဲ့ ဥပဒေအတိုင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ ရာထူးတက်လာပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစပြီး ရေတပ် သို့မဟုတ် ကမ်းခြေစောင့်တပ်တွေအပေါ် တရုတ်စစ်တပ်ရဲ့ ပြုမူတာနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်က ယခင်ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

တရုတ်လေတပ်က တိုက်လေယာဉ်နှစ်စင်းဟာ ဖိလစ်ပိုင်လေတပ် လေယာဉ်တစင်းရဲ့ လမ်းကြောင်းပေါ်မှာ အန္တရာယ်မကင်းတဲ့ ပျံသန်းမှုမျိုး လုပ်ဆောင်ခဲ့ပြီး ဒါဟာ လေကြောင်းဘေးကင်းမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာလို့ ဖိလစ်ပိုင် စစ်တပ်က ဆိုပါတယ်။

တရုတ်စစ်တပ်ကတော့ ဖိလစ်ပိုင်လေယာဉ်ဟာ အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက Huangyan ကျွန်းရဲ့ လေပိုင်နက်ထဲကို တရားမဝင် ကျူးကျော်ဝင်ရောက်လာပြီး ကြားဖြတ်ဟန့်တားမှုပြုလုပ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref:CNA
Photo:AP

#Voiceofmyanmar #VOM #တရုတ် #ဖိလစ်ပိုင် #တောင်တရုတ်ပင်လယ် #လေယာဉ် #ထိပ်တိုက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW