တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ နေပြည်တော်ကို မနက်ဖြန် လာမယ်

 

ပေကျင်း၊ ဩဂုတ်-၁၃-၂၀၂၄
မျိူးဆက်(VOM)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကို ဩဂုတ် ၁၄ ရက်ကနေ ၁၇ ရက်ထိ လာရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဝမ်ယီရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေဖို့နဲ့ ပြည်သူတွေအကြား နီးကပ်တဲ့ဆက်ဆံရေးကို မြှင့်တင်ဖို့ရည်ရွယ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး တိုးတက်ဖို့ အားထုတ်မှုတွေကို ထောက်ခံတယ်လို့ ဆိုပါတယ်။ ဝမ်ယီဟာ မြန်မာနိုင်ငံကို လာရောက်ပြီးနောက် ကိုးကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ပါဝင်တဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွ့က်မှု ယန္တယားဖြစ်ပါတယ်။ ဒီအစည်းအဝေး ပြင်ပမှာတော့ ဝမ်ယီဟာ ဒေသတွင်းအခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်း၊ မြန်မာ၊ လာအိုနိုင်ငံတို့မှ တာဝန်ရှိသူတွေနဲ့ အလွတ်သဘောဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref:Xinhua
Photo:Reuters

#Voiceofmyanmar #VOM #တရုတ် #နိုင်ငံခြားရေးဝန်ကြီး #ဝမ်ယီ #မြန်မာ #ခရီးစဉ်

Related posts

Leave a Comment

VOM News

FREE
VIEW