ရုရှားနိုင်ငံထဲက နယ်မြေ ၁၀၀၀ စတုရန်းကီလိုမီတာထိ ယူကရိန်းတပ်တွေ ထိန်းချုပ်ထား

 

ကိဗ်ယက်၊ ဩဂုတ်-၁၃-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲ နှစ်နှစ်ခွဲကျော်ကြာကာလအတွင်း အကြီးမားဆုံး နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုအဖြစ် ရုရှားနိုင်ငံထဲက နယ်မြေ ၁၀၀၀ စတုရန်းကီလိုမီတာကို ထိန်းချုပ်ထားနိုင်ပြီလို့ ယူကရိန်း ထိပ်တန်းတပ်မှူးက အတည်ပြုပြောဆိုပါတယ်။

ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသမှာ ထိုးစစ်ဆင်တိုက်ခို်ကမှု ခုနှစ်ရက်မြောက်ရှိလာပြီး စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ယူကရိန်းတပ်မှူး အိုလက်ဆန်ဒါဆီရာစကီးက ပြောပါတယ်။

ယူကရိန်းသမ္မတဇီလန်စကီးကလည်း ရုရှားနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်ထိုးစစ်ဆင်မှုကို အတည်ပြုထားပြီး ရုရှားဟာ တခြားနိုင်ငံထဲကိုယူလာတဲ့စစ် သူ့နိုင်ငံထဲ ပြန်ရောက်တော့မယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ဒီအတောအတွင်း ယူကရိန်းတပ်တွေလက်အောက်ကျရောက်ခဲ့တဲ့ ရုရှားဒေသရှိ ကျေးရွာ ၂၈ ရွာမှာ အရပ်သား ၁၂ ယောက်သေဆုံးခဲ့ပြီး အခြေအနေဆိုးရွားနေကြောင်း ရုရှား ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ယူကရိန်းတပ်တွေရဲ့ တို်ကခိုက်မှုကြောင့် ရုရှားအနောက်ပိုင်းနယ်စပ်က ဒေသခံအများအပြားကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး နောက်ထပ် ဒေသခံခြောက်သောင်းနီးပါးကိုလည်း ထွက်ခွာဖို့ အမိန့်ထုတ်ထားပါတယ်။

ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံထဲကို ၁၈ မိုင်အကွာအဝေးထိ ချီတက်ခဲ့တဲ့ အံ့အားသင့်ဖွယ် ထိုးစစ်ဆင်တိုက်ခိုက်မှုကို ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ခဲ့တာဖြစ်ပါတယ်။ ဒီထိုးစစ်ဟာ ယူကရိန်းအတွက် စိတ်ဓါတ်မြှင့်တင်မှု ဖြစ်ပေါ်စေပေမယ့် ယူကရိန်းအတွက် အန္တရာယ်သစ်တွေ သယ်ဆောင်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ရုရှား #ယူကရိန်း #နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု #နယ်မြေထိန်းချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW