ဗြိတိန် နည်းပညာသန်းကြွယ်သူဌေး မိုက်လန့်ချ်နဲ့သမီးဖြစ်သူတို့ ဇိမ်ခံရွက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေ

 

ရောမ ၊ ဩဂုတ်-၂၀-၂၀၂၄
မျိုးဆက်(VOM)

အီတလီနိုင်ငံ စစ္စလီကမ်းရိုးတန်းမှာ ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက ဇိမ်ခံရွက်လှေတစင်းနစ်မြုပ်ပြီး ပျောက်ဆုံးသူခြောက်ဦးထဲမှာ ဗြိတိန်နည်းပညာသူဌေးကြီး မိုက်လန့်ချ်နဲ့ သူ့ရဲ့သမီးဖြစ်သူတို့ ပါဝင်ကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုလိုက်ပါတယ်။

အရှည် ၁၈၃ ပေအရှည်ရှိသော အဲဒီဇိမ်ခံရွက်လှေဟာ ဗြိတိန်၊ အမေရိကန်၊ ကနေဒါနိုင်ငံသားတွေ အပါအဝင် လူ ၂၂ ယောက်ကို တင်ဆောင်ခုတ်မောင်းခဲ့ပြီး နစ်မြုပ်မှုအတွင်း အသက် တနှစ်အရွယ် ဗြိတိန်ကလေးငယ်နဲ့ လူ ၁၅ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

Bayesian လို့ အမည်ရတဲ့ ဇိမ်ခံရွက်လှေဟာ ညပိုင်းမှာ မုန်တိုင်းတိုက်ခတ်ပြီး ပင်လယ်ပြင်မှည လေဆင်နှာမောင်းတွေ ဖြစ်ပေါ်ပြီးနောက် ဒေသစံတော်ချိန်နံနက် ၅ နာရီမှာ စစ္စလီမြို့တော် ပါလာမိုမြို့အနီးမှာ တိမ်းမှောက်နစ်မြုပ်ခဲ့ပါတယ်။

ကနဦးမှာ အနီးနားရှိ နယ်သာလန်အလံတင်သင်္ဘောတစီးက အရေးပေါ်ကယ်ဆယ်ရေးတွေ ရောက်ရှိလာချိန်ထိ ရွက်လှေပေါ်မှ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။

ရေငုပ်သမားတွေဟာ လက်ရှိမှာတော့ ရေမျက်ပြင်အောက် မီတာ ၅၀ အကွာမှာ အပျက်အစီးတခုကို ရှာဖွေတွေ့ရှိခဲ့ပြီး သင်္ဘောစားဖိုမှူးလည်း ပျောက်ဆုံးသူတွေထဲမှာ ပါဝင်ပါတယ်။ အပျက်အစီးတွေအနီမှာတော့ အမျိုးသားအလောင်းတလောင်း တွေ့ရှိထားပေမယ့် ဘယ်နိုင်ငံသားလဲဆိုတာ အတည်မပြုနိုင်သေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
Photo:

#Voiceofmyanmar #VOM #အီတလီ #ရွက်လှေနစ်မြုပ်မှု #ဗြိတိန်နည်းပညာသူဌေး #မိုက်လန့်ချ် #ပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW