ဂျီနီဖာလိုပက်ဇ်တို့ ဇနီးမောင်နှံ ကွာရှင်းပြတ်စဲ ကြတော့မယ်



ဝါရှင်တန်၊ ဩဂုတ်-၂၁-၂၀၂၄
ရတီ (VOM)

ကမ္ဘာကျော် အဆိုတော်နဲ့ သရုပ်ဆောင်မင်းသမီး ဂျီနီဖာလိုပက်ဇ်နဲ့ ခင်ပွန်းဖြစ်သူ ဘန်အက်ဖ်လက်ခ်တို့ဟာ လက်ထပ်ပြီးနောက် နှစ်နှစ်အကြာမှာ ကွာရှင်းပြတ်စဲဖို့ ဂျီနီဖာလိုပက်ဇ်က တရားရုံးမှာ လျှောက်ထားလိုက်ပါတယ်။

သူမဟာ ဩဂုတ် ၂၀ ရက်က လော့စ်အိန်ဂျလိစ်ကောင်တီရှိ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားခဲ့တာဖြစ်ပြီး ဘန်နီဖာလို့ နာမည်တွင်ခဲ့တဲ့ သူတို့စုံတွဲဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ တရားဝင်လက်ထပ်ခဲ့ပြီး နောက်လအတွင်းမှာတော့ ဂျော်ဂျီယာမှာ မင်္ဂလာပွဲအကြီးအကျယ် ကျင်းပခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကတော့ ၂၀၀၃ ခုနှစ်အတွင်းက အနုပညာအလုပ်တွေအတူလုပ်ရင် စတင်ခဲ့ကြာတာတဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲလက်ထပ်ဖို့ ၂၀၀၄ ခုနှစ်အစောပိုင်းမှာ သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြပါသေးတယ်။

အဲဒီနောက်မှာတော့ ဆက်ဆံရေးပြန်လည်အဆင်ပြေခဲ့ပြီး လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးအပေါ် ထင်ကြေးပေးမှုအမျိုးမျိုး ထွက်ပေါ်ခဲ့ပေမယ့် ကွာရှင်းခွင့်လျှောက်ထားတာနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။

အသက် ၅၅ နှစ်အရွယ် လိုပက်ဇ်နဲ့ ၅၂ နှစ်အရွယ် အက်ဖ်လက်တို့ဟာ သူတို့ရဲ့ လက်ရှိဝင်ငွေ၊ အသုံးစရိတ်တွေ၊ ပိုင်ဆိုင်မှုတွေနဲ့ အကြွေးတွေအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို မျှဝေရမယ်လို့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ ထုတ်ဖော်တင်ပြမှုတွေလုပ်ဖို့ နှစ်ယောက်စလုံးဟာ ရက်ပေါင်း ၆၀ အချိန်ရမှာဖြစ်ပြီး ပျက်ကွက်မယ်ဆို တရားရုံးက အရေးယူတာမျိုးတွေ ရှိလာနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW