စစ်တွေ၊ ဧပြီ ၁၁-၂၀၁၉
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တဲ့အခါမှာ အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ပြုလုပ်ကြဖို့အတွက် မနေ့ ဧပြီလ ၁၀ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အရပ်ဖက်အဖွဲ့အစည်းတွေက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို လူမှုအဖွဲ့အစည်း တွေက တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီကော်မတီအနေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမဲ့ အစီရင်ခံစာတစောင်ကို အစိုးရကိုတင်ပြနိုင်ရေးအတွက် ရခိုင်ပြည်နယ်လွှတ်တော်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
#voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ပွဲတွေရပ် #ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ