မြိုင်မြို့ပေါ်က အစိုးရအဆောက်အဦအချို့ မီးရှို့ခံရ

စက်တင်ဘာ ၈ – ၂၀၂၄
GG (VOM)
မကွေးတိုင်း မြိုင်မြို့ပေါ်က အစိုးရအဆောက်အဦအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရမှု စက်တင်ဘာလ ၇ ရက်က ဖြစ်ပွားခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။
မြိုင်မြို့ပေါ်မှာ မီးလောင်ခဲ့တဲ့ အစိုးရအဆောက်အဦတွေကတော့ ဥပဒေရုံး၊စည်ပင်ရုံးတို့​ဖြစ်​ပြီး ပြည်ခိုင်ဖြိုးပါတီရုံးလည်း မီးရှို့ခံခဲ့ရပါတယ်။
မြိုင် -ပခုက္ကူကားလမ်းက နစကလုံခြုံရေးတပ်ဂိတ်စခန်း တိုက်ခိုက်မှုမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် မြိုင်မြို့ထဲက အစိုးရအဆောက်အဦအချို့ မီးရှို့ဖျက်ဆီးခံရတာဖြစ်​ပြီး ရုံးပိတ်ရက်ဖြစ်တာကြောင့် လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့သိရပါတယ်။
ပစ်ခတ်မှု နဲ့မီးရှို့ခံရပြီးနောက် မြိုင်မြို့အတွင်း ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာကြောင့် မြို့တွင်းအသွားအလာကျဲ သွားတယ်လို့သိရပါတယ်။
” မနေ့က လက်ယက်မရွာမှာ ဖြစ်တယ်။အခုဒီနေ့က မြို့ပေါ်မှာ အဆောက်အဦ တွေ မီးရှို့ခံရတယ်။မြိုင်အထွက်က လမ်းပေါ်ကစစ်ဆေးရေးဂိတ်ဘက်လည်း ပစ်ခတ်မှုဖြစ်တယ်တယ်။ လက်ယက်မရွာဘက်မှာက တိုက်ပွဲမရှိဘဲ ဖြစ်တာလို့သိရတယ်။သေဆုံးတဲ့အထဲမှာဆိုရင် ကျွန်တော်တို့သိရတာ တယောက်က ဆိုင်ကယ်စီးရင်း လက်နက်ထိမှန်သေတယ်။ လေးယောက်က ဗုံးခိုကျင်းထဲနေချိန် အနားလက်နက်ကြီးကျလို့အထဲမှာပဲသေသွားတယ် ” လို့အမည်မဖော်လိုသူ ဒေသခံတယောက်ကပြောပါတယ်။
လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးသူတွေက ထိခိုက်ဒဏ်ရာ ရရှိသူလည်း.သုံးယောက်ရှိကြောင်း ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရတဲ့သူတွေပါတယ်လို့သိရပါတယ်။ လက်နက်ကြီးကြောင့် လက်ယက်မရွာကအထက်တန်း စာသင်ကျောင်းက ကျောင်း ဆောင် အချို့နဲ့ လူနေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြိုင် – ပခုက္ကူကားလမ်းက လုံခြုံရေး တပ်ဖွဲ့ဝင် တွေဂိတ်စခန်း တိုက်ခိုက်မှုနဲ့ မြိုင်မြို့ပေါ်အစိုးရအဆောက်အဦ မီးလောင်မှုကိုတော့ နယ်မြေခံ PDF တွေကလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သူတို့ရဲ့ လူမှုကွန်ယက်ကနေသတင်းထုတ်ထားတာတွေ့ရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW