ဗီယက်နမ်မှာ မုန်တိုင်းကြောင့် တံတားတစင်းကျိုးကျပြီး ၁၃ ယောက်ပျောက်ဆုံး

ဟနွိုင်း၊ စက်တင်ဘာ-၁၀-၂၀၂၄
မျိုးဆက်(VOM)
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ဖူသိုပြည်နယ်ရှိ လူသုံးများတဲ့ တံတားတစင်း ကျိုးကျခဲ့ပြီး ကားနဲ့လူတွေ မြစ်ထဲ မျောပါပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကျိုးကျခဲ့တဲ့ ဖုန်ချောင်တံတားပေါ်ကနေ ကား ၁၀ စီး မြစ်ထဲကျရောက်ခဲ့ပြီး ပျောက်ဆုံးနေသူ ၁၃ ယောက်ကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်းရှာဖွေနေကြပါတယ်။
ဗီယက်နမ်နိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း အပြင်းထန်ဆုံးလို့ သတ်မှတ်ရတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် လူ ၈၀ ကျော်သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကာ ဒေသခံ ၁ ဒသမ ၅ သန်း လျှပ်စစ်ဓါတ်အား ပြတ်တောက်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
မုန်တိုင်းဟာ တနာရီလေတိုက်နှုန်း ၂၀၃ ကီလိုမီတာနှုန်းနဲ့ ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး လူ ၂၄၀ ကျော်ထိ ဒဏ်ရာရရှိခဲ့ကာ ယခုနှစ်အတွင်း အာရှတိုက်ရဲ့ အားအပြင်းဆုံးမုန်တိုင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။
မုန်တိုင်းဟာ လက်ရှိမှာတော့ အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားပြီဖြစ်ပေမယ့် အနောက်ဘက်ကို ဆက်လက်ရွေ့လျားလာတဲ့ အတွက် မိုးသည်းထန်စွာရွာသွန်းတာနဲ့ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။
Ref:BBC
Photo:Reuters/getty Images

Related posts

Leave a Comment

VOM News

FREE
VIEW