လက်ဘနွန်ပေါက်ကွဲမှု အစ္စရေးကို လက်တုံ့ပြန်မယ်လို့ ဟဇ်ဘိုလာခေါင်းဆောင် ကတိပြု



ဘေရွတ်၊ စက်တင်ဘာ-၂၀-၂၀၂၄
မျိုးဆက်(VOM)

လက်ဘနွန်နိုင်ငံမှာ ကြိုးမဲ့ဆက်သွယ်ရေးစက် ရာပေါင်းများစွာပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လက်တုံ့ပြန်အပြစ်ပေးမယ်လို့ ဟဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန်နာစရယ်လာက ကတိပြုပြောဆိုလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဟဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေအပါအဝင် လူ ၃၇ ယောက်သေပြီး ၃၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ဒါဟာအစ္စရေး မော့ဆက်ထောက်လှမ်းရေးလက်ချက်လို့ လက်ဘနွန်ဘက်က စွပ်စွဲထားပါတယ်။

ဆက်သွယ်ရေးစက်တွေကို ဗုံးထောက်ဖောက်ခွဲတိုက်မှုဟာ နှစ်ဖက်အကြား အနီရောင်မျဉ်းအားလုံးကို ဖြတ်ကျော်လိုက်တာဖြစ်ပြီး ဒါဟာအစ္စရေးက စစ်ကြေညာလိုက်တာလို့ ဟဇ်ဘိုလာခေါင်းဆောင်က ပြောဆိုလိုက်ပြီး မျှတဲ့ပြစ်ဒဏ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးစက်တွေကို လက်ဘနွန်ယူမလာမီ အစ္စရေးထောက်လှမ်းရေးတွေက ဗုံးထောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဒီစက်တွေဟာ ထိုင်ဝမ်ကုမ္ပဏီအမှတ်တံဆိပ်ဖြစ်ပေမယ့် လက်ဘနွန်အတွက် ရောင်းချခြင်းမဟုတ်ဘဲ ဟန်ဂေရီကုမ္ပဏီတခုက ဝယ်ယူခဲ့ခြင်းဟု ဆိုသည်။

ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တို့ကို ထောက်ခံတဲ့ ဟဇ်ဘိုလာတွေနဲ့ အစ္စရေးတို့အကြား တိုက်ခိုက်မှုတွေဟာ ၁၁ ကြာမြင့်လာပြီး လူရာချီသေဆုံးခဲ့ကာ နယ်စပ်ဒေသမှာ လူသောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး စစ်ပွဲဖြစ်လာမှာကို စိုးရိမ်းပူပန်မှုတွေ မြင့်တက်နေပါတယ်။

Ref:BBC
Photo:Al Jazeera

Related posts

Leave a Comment

VOM News

FREE
VIEW