လက်ဘနွန်ရှိ ဟဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေးက လေကြောင်းအကြီးအကျယ် တိုက်ခိုက်

တဲလ်အဗစ်၊ စက်တင်ဘာ-၂၀-၂၀၂၄
ရတီ(VOM)
အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းရှိ ဟဇ်ဘိုလာတို့ရဲ့ ပစ်မှတ်တွေကို လေကြာင်းတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်ခဲ့ပြီး ဒုံးကျည်လောင်ချာ ၁၀၀ ကျော်နဲ့ လက်နက်သိုလှောင်ရုံတွေကို ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးအနေနဲ့ ဟဇ်ဘိုလာတွေအပေါ် စစ်ဆင်ရေး အဆင့်သစ်တခု စတင်ပြီလို့ ကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂယ်လန့်က ထုတ်ဖော်ပြောဆိုပြီးနောက်မှာ အခုလို လေကြောင်းကနေ အကြီးအကျယ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နေ့တွေက လက်ဘနွန်ုတဝန်းမှာ ဆက်သွယ်ရေးစက်တွေ ဆက်တိုက်ပေါက်ကွဲပြီး လူ ၃၀ ကျော်သေဆုံးကာ ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့တဲ့ တိုက်ခိုက်မှုဟာ အစ္စရေးလက်ချက်လို့ ဟဇ်ဘိုလာတို့က စွပ်စွဲထားပြီး လက်တုံ့ပြန်မယ်လို့ ဟဇ်ဘိုလာခေါင်းဆောင်က ကတိပြုထားပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တိုက်ခိုက်မှုတွေကို နှစ်ဘက်စလုံးအနေနဲ့ ထိန်းထိ်နးသိမ်းသိမ်းလုပ်ဆောင်ဖို့ အမေရိကန်နဲ့ ဗြိတိန်တိုံ တိုက်တွန်းထားပြီး ဒီအကျပ်အတည်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို စက်တင်ဘာ ၂၀ ရက်နှောင်းပိုင်းမှာ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ ဂါဇာစစ်ပွဲစတင်ပြီးနောက် ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အစ္စရေးမြောက်ပိုင်းကို တိုက်ခိုက်မှုတွေ ပြုလုပ်နေခဲ့ပြီး နှစ်ဘက်တင်းမာနေတာကြောင့် အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲဖြစ်ပေါ်လာမှာကိုစိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
Ref:BBC
Photo:AFP/IDF

Related posts

Leave a Comment

VOM News

FREE
VIEW